/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 11, 2013

.

မြန်မာပြည် မူဆလင်များအရေး ပိုမိုဆောင်ရွက်ရန် ဘန်ကီမွန်းထံ OIC တောင်းဆို

မြန်မာနိုင်ငံရှိ လူနည်းစု မူဆလင်များ၏ အခွင့်အရေးများ ကာကွယ်ပေးရန် မြန်မာအစိုးရ အား ဖိအားပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ ကမ္ဘာ့အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) တိုက်ရိုက် တောင်းဆိုလိုက်သည်။


OIC ကိုယ်စားလှယ်များက မစ္စတာ ဘန်ကီမွန်းတို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း မူဆလင်များ အပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ “လွန်စွာ စိုးရိမ်ရကြောင်း” ပြောဆိုခဲ့ပြီး ထိုအရေး နှင့်ပတ်သက်၍ ပိုမိုပါဝင်ဆောင်ရွက်ပြီး “ပိုမိုကျယ်လောင်စွာ” ပြောဆိုပေးဖို့ တိုက်တွန်းခဲ့ကြောင်း ကူဝိတ်နိုင်ငံ အခြေစိုက် KUNA သတင်းတွင် ဖော်ပြပါရှိသည်။

“မြန်မာပြည်ဟာ ကမ္ဘာကြီးနဲ့ ပျားရည်ဆမ်းခရီး ထွက်နေချိန်ပါ။ ပြဿနာရှိနေတာက အဲဒီ ပျားရည်ဆမ်းခရီးဟာ အဲဒီတိုင်းပြည်က မူဆလင် အလောင်းတွေပေါ် ခင်းဆောက်ထားနေတာ ဖြစ်ပါတယ်” ဟုလည်း ကုလဆိုင်ရာ ဆော်ဒီအာရေးဗျ သံအမတ်ကြီး Abdullah al-Mouallemi. အား ကိုးကား၍ PRESS TV သတင်းတရပ်က ဆို သည်။

ထို့ပြင် ကုလဆိုင်ရာ OIC ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Roble Olhaye ကလည်း မြန်မာပြည်တွင်း မူဆလင် ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ “လူမျိုးတုံး သုတ်သင်မှု” တရပ် ဖြစ်ကြောင်း ပြောဆိုသည်။

“ကုလသမဂ္ဂကနေ ကျနော်တို့ လိုအပ်တာကတော့ ကမ္ဘာကြီးရဲ့ စိတ်ဓာတ်အဖြစ် သူ့အသံကို မာမာ ကျယ်ကျယ်နဲ့ ရှင်းရှင်း ပြောဖို့ပါပဲ” ဟု Roble Olhaye က သတင်းထောက်များအား ပြောဆိုသွားသည်။

မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်နေမှုများ ပိတ်ဆို့နိုင်ရန် လိုအပ်သော အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်နိုင်ခဲ့ကြောင်းလည်း ၎င်းက ဝေဖန်သွားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့သည့် OIC ကိုယ်စားလှယ်အဖွဲ့တွင် ဆော်ဒီ အာရေးဗျ၊ ဘရူနိုင်း၊ အီဂျစ်နှင့် တူရကီနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်သည်။

ထိုတွေ့ဆုံမှု မတိုင်မီ မနက်ပိုင်းကလည်း မြန်မာပြည် မိတ်ဆွေများအဖွဲ့နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံ မိန့်ခွန်းပြော ကြားခဲ့သည်။

နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအား အသိအမှတ်ပြုကြောင်း မစ္စတာ ဘန်ကီမွန်း က ပြောဆိုခဲ့သော်လည်း “ရခိုင်ပြည်နယ်နှင့် အခြားနေရာများတွင် ဖြစ်ပွားနေသည့် လူအုပ်စု အကြမ်းဖက်မှုများကြောင့် လွန်စွာ ဒုက္ခကြုံ ရကြောင်း” ပြောဆိုသွားသည်။

“ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ/မူဆလင် တွေရဲ့ နိုင်ငံသားဖြစ်မှု အပါအဝင် သူတို့ရဲ့ နစ်နာချက် တွေကို ကိုယ်တွယ်ဖြေရှင်းပေးဖို့ လိုအပ်တဲ့ခြေလှမ်းတွေလှမ်းဖို့ မြန်မာ အာဏာပိုင်များအတွက် အရေးကြီး ပါတယ်” ဟု ကုလ အတွင်းရေးမှူးချုပ်က ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့ သည်။ 

Credit : http://www.mizzimaburmese.com/news/inside-burma/12502-----oic--.html

5 comments:

  1. ဘယ်ဖက်ကအရင်အကြမ်းဖက်လည်းဆိုတာသေချာပြန်စဉ်းစားပါတဖက်သတ်မပြောပါနဲ့

    ReplyDelete
  2. ငါလိုးမှာ ကိုယ့်ပြည်မှာပဲကောင်းကောင်းနေတာမဟုတ်ဘူး သူများကိုလိုက်ဒုက္ခပေးတဲ့ခွေးလောက်အဆင့်အတန်းမရှိတဲ့ကောင်တွေ

    ReplyDelete
  3. ကမ္ဘာပေါ်မှာထေရဝါဒစစ်စစ်ဆိုလို့ကျုပ်တို့တစ်နိုင် ငံပဲရှိတော့ပါတယ်
    ခရစ်ယာန်ဘာသာ မွတ်စလင်ဘာသာ တွေကတစ်နိုင် ငံပျက်သွားရင်
    နိုင် ငံတွေအများကြီးကျန်သေးတယ် ဒါကြောင့်ဒီနိုင် ငံဒီသာသနာထာဝရ
    တည်တံ့နိုင်အောင် ဥပ ဒေ တွေတည်ဆောက်ပြဌာန်းပြီးကာကွယ်ကြဖို့
    တာဝန်ဟာမြန်မာနိုင် ငံသားတိုင်းမှာအ ရေးတကြီးကျရောက်လို့နေပါပြီ
    အထူးဖြင့်မွတ်စလင် တွေမြန်မာတွေကိုလူမျိုးရေးဘာသာရေးဝါးမျိုတာ
    ကိုတားမြစ်တဲ့ဥပ ဒေဖြစ် ရ ပါမယ်။ ကျန်တဲ့ဘာသာတွေလူမျိုးတွေဖယ်ထား
    ရမယ်။

    ReplyDelete
  4. ပြောနေတဲ့နိုင်ငံတွေမှာလွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလား

    ReplyDelete
  5. ငါလိုးမမွတ်စလင်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။