“ အိန္ဒိယနိုင်ငံ ကွန်ဂရက်စ်ပါတီမှာ ဥက္ကဋ္ဌ ဆိုနီယာ ဂန္ဓီ
သည် ပြည်ထဲရေးဝန်ကြီးဋ္ဌာန ၀န်ကြီး ဆူရှယ်လ် ကူးမား
ရှင်ဒီတို့နှင့်အတူ တနင်္ဂနွေနေ့က အကြမ်းဖက်ဗုံးခွဲခြင်း
ခံခဲ့ရသော ဗုဒ္ဓဂယာရှိ မဟာ ဗောဓိ စေတီသို့ ယနေ့
ဇူလိုင်လ ၁၀ ရက်နေ့မှ သွားရောက်စစ်ဆေးကြည့်ရှု
ခဲ့ပါတယ်။
“ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ် ထားရာ နေရာမှာ
ယခုလိုဗုံးတွေပေါက်ခွဲသည့်လုပ်ရပ်အား ရှုံ့ချပါတယ်။
ငြိမ်းချမ်းတဲ့ဗုဒ္ဓဂယာမှာ ဒီလိုဗုံးပေါက်ကွဲမှုကြောင့်
အထူးစိုးရိမ်မိပါတယ်။ အထူးစုံစမ်းရေး အဖွဲ့ကြီး ၂ဖွဲ့
ကိုလည်း ပို့လွှတ်ထားပါတယ်။ ဒီအဖွဲ့ဟာ အိန္ဒိယ
အထူးစုံစမ်းစစ်ဆေးရေးဗျုရိုနှင့် တွဲဖက်ထားတဲ့အဖွဲ့
ဖြစ်ပြီး၊ ဒီဖြစ်ရပ်လွန်ကျူးဖို့ ပါဝင်ခဲ့တဲ့ လူအရေအတွက်
ကိုလည်း တိတိကျကျသိရဖို့ စုံစမ်း နေတဲ့အကြောင်း ”
ပြည်ထဲရေးဝန်ကြီး ရှင်ဒီက သတင်းထောက်များကို
ပြောကြားသွားပါတယ်။
ဘီဟာပြည်နယ်အစိုးရရဲ့ မေတ္တာရပ်ခံချက်ကြောင့်
ပိုမိုပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုများဖြစ်နိုင်ဖို့အတွက်
NIA ကို ဗဟိုအစိုးရမှခန့်အပ်တာဝန်ပေးထားခဲ့
ကြောင်းကိုပါသူက ထပ်လောင်းပြောကြားသွားပါတယ်။
- Young Buddhist Association - Myanmar
( https://www.facebook.com/youngbuddhistassociation.mm)
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။