/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 11, 2013

.

မီးပွိုင့်များတွင် CCTV များတိုးချဲ့တပ်ဆင်မည်


Picture1

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင်းရှိမီးပွိုင့်ပေါင်း(၁၅၀) ကျော်အား CCTV များတိုးချဲ့ တပ်ဆင်သွားမည်ဖြစ်ကြောင်း မထသ(ဗဟို)မှတာဝန်ရှိသူတစ်ဦး ၏ပြောပြချက်အရ သိရ သည်။


လက်ရှိတွင်မီးပွိုင့်ပေါင်း (၁၅၀)ကျော်ရှိသော်လည်းမီးပွိုင့် (၄၀) ကျော်သာ CCTV တပ်ဆင် ထားကြောင်း၊ခရီးသည်တင် ယာဉ်ကြီး၊ယာဉ်ငယ်များ၊အဌားယာဉ် များ၊ ကိုယ်ပိုင်ယာဉ် များ စည်းကမ်း မဲ့မောင်းနှင်ခြင်းရပ်နားခြင်း၊မရပ် ရသောနေရာများတွင်ခရီးသည်များ ရပ်တင်ခြင်းများကြောင့်နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုများ၊များစွာ ဖြစ်ပေါ်လျက်ရှိသောကြောင့် အဆိုပါယာဉ်ကြောပိတ်ဆို့မှုများ ပြေလျော့စေရန်အတွက်ရန်ကုန် မြို့တော် စည်ပင်သာယာရေး အင်ဂျင်နီယာဌာန(လမ်းတံတား) ကရန်ကုန်မြို့ရှိမီးပွိုင့်များတွင် CCTV များတိုးချဲ့ တပ်ဆင်ချိတ်ဆက် ၍အသုံးပြုဖြေရှင်းသွားမည်ဖြစ် ကြောင်းသိရသည်။

““ကျွန်တော်တို့အလုပ်သွား တဲ့အချိန်ဆိုလိုင်းကားကများ၊ အဌားကားကများ၊ကိုယ်ပိုင်ကား ကများရတဲ့ အထဲ တစ်စီးနဲ့တစ်စီး ကျော်ချင်တိုင်းကျော်တော့ လမ်းကပိတ်ရော မဖြတ်ရမျဉ်းတားထားသော်လည်း စည်းကမ်းမဲ့စွာဖြတ်၍ လမ်းကပိုပိတ်၍ယာဉ်ကြောပိတ် ဆို့မှုတွေနေ့စဉ်ကြုံတွေ့နေရတော့ ဒီလို CCTV တွေတပ်ဆင်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှုများပြေလျော့ သွားမယ်လို့ထင်ရပါမယ်””လို့ရုံး တက် ၀န်ထမ်း တစ်ဦးကပြောပြ ပါသည်။

Credit : http://www.hotnewsweekly.com/archives/23219

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။