/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 11, 2013

.

သီပေါမြို့နယ်တွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးကို တရုတ်အမျိုးသား ဇနီးအဖြစ် ရောင်းစားခဲ့သော လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး ရမိ

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ ရပ်ကွက်တစ်ခုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦးအား အမျိုးသမီးခြောက်ဦး ပါဝင်သည့် လူကုန်ကူးဂိုဏ်း တစ်ဂိုဏ်းမှ တရုတ်နိုင်ငံတွင် အလုပ်လုပ်ပါက လစာ ကောင်းကောင်းရမည်ဟု လိမ်လည်စည်းရုံး ပြောဆိုကာ မိဘအုပ်ထိန်းသူများ၏ သဘောတူ ခွင့်ပြု ချက်မရှိဘဲ တရုတ်နိုင်ငံသို့ ပို့ဆောင်၍ တရုတ်အမျိုးသားထံ ရောင်းစားခဲ့သော အမှုတစ်မှု ဖြစ်ပေါ် ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့မှ သိရသည်။


ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် နမ့်လန်ကျေးရွာအုပ်စုမှ အသက် ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး ပျောက်ဆုံးနေသည်ကို နမ့်လန်ရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ပြီး နမ့်လန်ရဲစခန်းမှူးမှ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု (လာရှိုး) သို့ ဆက်သွယ်အကြောင်းကြား ခဲ့သဖြင့် စုံစမ်းဖော်ထုတ်ရာ တရုတ်နိုင်ငံတွင် အိမ်ထောင်ပြုလိုသူ အမျိုးသမီးများရှိက ဆက်သွယ်ပို့ဆောင်ပေး ပါက ငွေများများရနိုင်ကြောင်း နိုင်းမြင့် (ခ)ဒေါ်ဆွေမြင့်မှ မစန်းစန်းအေး အားပြောသဖြင့် မစန်းစန်းအေးမှ တစ်ရွာတည်းနေ မတင်နွယ်စိုး (ခ)မစိုးနှင့် မအေးမီး (ခ)မတင် တင်အေးတို့အားပြောခဲ့ရာ ၎င်းတို့နှစ်ဦးမှ အခန်းချင်းကပ်လျက်ရှိ အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်ပြောဆို စည်းရုံးကာ မစန်းစန်းအေးထံ အပ်နှံ ခဲ့ကြောင်း သိရသည်။

အမျိုးသမီးငယ်အား တရုတ်အမျိုးသား တစ်ဦးထံ မယားအဖြစ် ရောင်းစားခဲ့ရာ လူကုန်ကူးဂိုဏ်းအဖွဲ့မှ တရုတ်ငွေယွမ် ၁၉၀၀၀ ရရှိပြီး မြန်မာငွေနှင့် လဲလှယ်ရာ ကျပ် ၂၇ သိန်း ရရှိခဲ့ကြောင်း သိရသည်။

အသက် ၁၁ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား လိမ်လည်စည်းရုံးပြောဆိုကာ တရုတ်နိုင်ငံ လူပွဲစား များမှတစ်ဆင့် တရုတ်အမျိုးသား တစ်ဦးနှင့် အဓမ္မ လက်ထပ်ထိမ်းမြားစေခြင်းဖြင့် အကျိုးအမြတ် ရယူ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ဂိုဏ်းဖွဲ့ကျုးလွန်သူ မစန်းစန်းအေး၊ မ၀ါနု၊ မအေးမီး(ခ)မတင်တင်အေး၊ မနှင်းရီ(ခ)မညီမ၊ မတင်နွယ်စိုး (ခ)မစိုးနှင့် နိုင်းမြင့်(ခ)ဒေါ်ဆွေမြင့်တို့ ခြောက်ဦးအား နမ့်လန်နယ်မြေ ရဲစခန်း(ပ) ၁၂/၂၀၁၃၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

တရုတ်အမျိုးသား၏ ဇနီးအဖြစ် ရောင်းစားခံခဲ့ရသူ အသက် ၁၁ နှစ်အရွယ် အမျိုးသမီး ငယ်အား ပြန်လည် ကယ်တင်နိုင်ရေးနှင့် တရုတ်နိုင်ငံမှ လူပွဲစားများအား ဖော်ထုတ်ဖမ်းဆီး ရရှိရေးကို လူကုန်ကူး တားဆီး နှိမ်နှင်းရေး တပ်ဖွဲ့စု (လားရှိုး)နှင့် တပ်ဖွဲ့စု (မူဆယ်)တို့မှ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင် ရွက် ခဲ့ကြောင်း သိရသည်။

From...EMG

6 comments:

  1.ှုဦးဝီရသူ နှင့် သူ့ ကိုယ်ပိုင် ၉၆၉ အဖွဲ့သည်
    အမှန်တကယ် မျိုးချစ်စိတ်နှင့် အမျိုး ဘာသာ
    သာသနာကာကွယ်ရေးလုပ်နေတာ ဟုတ်ပါ့မလား
    ဟု သံသယဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော
    မူဆလင်ကိုသာ အမျိုးမျိုးဖိနှိပ်ပြောဆိုနေသော်လည်း
    တရုပ်နှင့် ပတ်သက်၍ တလုံးမှ မဟပေ။
    တရုပ်မျိုလည်း လူမျိုးပျောက်မည်သာဖြစ်သည်။
    မူဆလင်များ မြန်မာအမျိုးသမီးများနှင့်
    လပ်ထပ်မှု များတွင် ကာယကံရှင်၏ သဘောတူညီမှု
    ရယူပြီးမှလက်ထပ်ကြသော်လည်း တရုပ်ပြည်သို့
    ရောင်းစားခံကြရသော အမျိုးသမီးများမှာ အလိမ်အလည် ခံကြရသူများဖြစ်ပြီး လိင်ကျွန်သဖွယ်
    ထိုနိုင်ငံတွင် နေထိုင်ကြရသည်။
    တရုပ်အမျိုးသားများသည်လည်း မြန်မာအမျိုးသမီးများကို တန်ဖိုးမထားကြ။
    သူတို့၏ဆန္ဒေ့ပြပျောက်ရေးနှင့် ကလေးမွေးစက်
    သာသာ တန်ဖိုးထားကြသည်။
    အသုံးချပြီးသည်နှင့် လက်လွှဲရောင်းချကြပြန်သည်။
    ပြည်တွင်းမှ ယုတ်မာပက်စက်သော
    လူကုန်ကူးသူများနှင့် မြန်မာအမျိုးသမီးများအား ဝယ်ယူလျှက် ရှိသော တရုပ်အားများအား ပြင်းထန်စွာ
    ရှုပ်ချမှုကို တကယ်အမျိုးချစ်လျှင် ဦးဝီရသူနှင့်တကွ
    ဦးဝီရသူကိုထောက်ခံနေသော ဘုန်းတော်ကြီးများနှင့်
    သူတို့၏ ကိုယ်ပိုင် ၉၆၉ အဖွဲ့မှ ပြုလုပ်သင့်သည်။
    လမ်းများပေါ်တွင် မဏ္ဒပ်ထိုး၍ ထိုလုပ်ရပ်များကြောင့်
    တရုပ်အပေါ် ရှုပ်ချကြောင်း လက်မှတ်ထိုး
    စုဆောင်းမှုများပြုလုပ်သင့်သည်။
    တရားပွဲများတွင်လည်း ထည့်ဟောသင့်သည်။
    ၁၁ နှစ်ဆိုသည့် လူမမယ်ကလေးမလေး ၏
    ဆိုးရွားလှသည့် အဖြစ်ဆိုးမှာ ကိုယ်ချင်းစာစိတ်
    သာရှိလျှင် ဖြေဆည်၍ရနိုင်မည်မထင်။
    အမျိုးသမီးအရေး တက်ကြွစွာ လှုပ်ရှားနေသော
    ဦးဝီရသူအနေနှင့် ဦးဆောင်၍ ဤကလေးမလေးနှင့်
    တကွ တရုပ်ပြည်တွင် ရောင်စားခံရသော
    အမျိုးသမီးများအားလုံးကို ပြန်လည်လက်လွှဲပေးဖို့
    တရုပ်အစိုးရကို တောင်းဆိုသင့်သည်။
    ဒါပေမဲ့ ပြောသာပြောရတာ။ လုပ်မယ်မထင်ပါ။
    သူ့ မှတ်တမ်းတွေမှာ မူဆလင်တွေရဲ့ လုပ်ရပ်တွေကို
    သာမှတ်တမ်းတင်ထားတာ။ တရုပ်တွေ လုပ်ရပ်ကို
    မျက်စိ မှိတ်ထားသောကြောင့်ဖြစ်သည်။
    ဘာကြောင့်လဲဆိုတာ ရှင်းပါသည်။ တရုပ်အတွက်
    ကောင်းရန်ဖြစ်သည်။ မျိုးချစ်စိတ်ရှိ၍မဟုတ်။
    မူဆလင်တွေ နှင့်ဘာသာရေး ပဋိပက္ခ ဖြစ်စေရန်
    ညွှန်ကြားသည့်အတွက် လုပ်ဆောင်ချင်းဖြစ်သည်။
    ဒါမှ တရုပ်ချောင်မှာ။ သူတို့ မြစ်ဆုံကိုပြန်စချင်ပြီ။
    ဒီ ပဋိပက္ခတွေ ရှိနေရင် သူတို့ဘက် အာရုံမရှိတော့
    ဘူးပေါ့။ တကယ်တော့ ဦးဝီရသူဟာ ညွှန်ကြားချက်
    အတိုင်း က နေရတဲ့ ကိုယ်ပိုင်ခံယူချက်မရှိတဲ့
    ဘုန်းကြီးတပါးပါ။

    ReplyDelete
    Replies
    1. ကိုယ်ချင် စာပြီးပြေားပါကွာ ဦးဝေရသူမှာ မွတ်ကိစ္စကတမျိုးမီဒီယာဖိအားအချို့ပါတီတွေက ဝေဖန်တာတဖုံဘာသာခြားတွေက ကလိတာတစ်မျိုးနဲ မနည်း ရုန်းကန်နေရတာ ဝေရသူကစက် ရုပ်မဟုတ်ဘူးကွမင်းသိထားဖို့က အခုကိစ္စအောင်မြင်ပြီးမြောက်သွားရင် ဝေရသူလုပ်ပေးလိမ်မယ် ကူဖေါ်လောင် ဖတ်မရပဲနဲ လာဟောင် မ ဟောင် ပါနဲ မင်းပြေားတဲ့ကိစ္စကိုအပြင် ထွက်ပြီး မင်းကိုတိုင်အကောင်ထည်ဖေါ်ကြည်လိုက် ငါတို့လိုက်လာမယ် မင်းမှာအစွမ်းရှိတယ်ဆိုရင်ပေါ့

      Delete
    2. မင်းပြောတဲ့ ခုကိစ္စအောင်မြင်သွားရင်
      ဆိုတာ မျိုးစောင့်ဥပဒေကိစ္စလား။ မူဆလင်
      ဖိနှိပ်ရေးကိစ္စလား။ မူဆလင်ကိစ္စ အသာထား
      မျိုးစောင့်ဥပဒေကြောင့်တောင် လူတွေ
      တယောက်တပေါက်ဖြစ်ကုန်ပြီ။
      အဲဒီ့ ဥပဒေဟာ ဘာအနှစ်မှမရှိဘူး။
      အမျိုးသမီးတွေကို ဘာသာခြားနဲ့ယူဖို့ ဘာသာ
      အရင်ပြောင်းသွားအောင် တွန်းလွှတ်လိုက်
      သလိုဘဲဖြစ်မှာ။
      နောက်တခုက မင်းရဲ့ချီးဘရိန်းမှာ သေသေ
      ချာချာမှတ်ထား။ ဝီရသူ ဘယ်တော့မှ
      တရုပ်ဆန့်ကျင်ရေး မလုပ်ဘူး။
      သူ့ရဲ့ လမ်းကြောင်းဟာ တခုဘဲရှိတယ်။
      လူတွေကို ဘာသာရေးနဲ့ ခုတုံးလုပ်ပြီး
      အာရုံပြောင်းဖို့။ ဗုဒ္ဓဘာသာအချင်းချင်းကိုလဲ
ိစိတ်ဝမ်းကွဲစေဖို့။ နွာိးကွဲရင် တရုပ်ကိုက်လိမ့်
      မယ်ဟေ့။

      Delete
    3. အင်းဒီအတိုင်းတစ်ယောက်တစ်ပေါက်လုပ်နေလိုကျွန်ဖြစ်ခဲ့ကြပြီးပြီ ဒီတကာနွမ်နစ်ဖို့ပဲကြန်တော့တယ် တစ်ခုခုတော့ရွေးကြ ပေါ့ ကိုယ့်သမိုင်းကိုယ်ရေးကြ ပေါ့ ဘာတွေဖြစ်မလဲဆိုတာ တစ်ခုတော့ပြေားမယ်အားလုံးလူ့နကတ်ကျားတွေ.....

      Delete
  2. သူများကိုပဲလိုက်မပြောနဲ့မင်းက ခွေးလောက်တောင် အဆင့်ရှိလို့လား

    ReplyDelete
  3. မှတ်ကရော

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။