/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, July 11, 2013

.

ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည်လည်ခွင့်ဆိုင်ရာ ဥပဒေဖြင့်အရေးယူမှု

၁၀.၇.၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် ကျောက်တံတားမြို့နယ်၊၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့်ဘဏ်လမ်း ထောင့်တွင် အမျိုးသားတစ်ဦးဆန္ဒပြနေကြောင်း သတင်းအရ ရဲအုပ်ဇော်ဝင်းနိုင် အဖွဲ့မှ သက်သေ များနှင့် အတူသွားရောက်စုံစမ်းကြည့်ရှုစဉ် ထင်ကျော်(ခ)ကျော်ထင်၊ ၄၉ နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးလှိုင်၊ မ/၂၆၅၊ ခရေလမ်း၊ (၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူသည် ``ငြိမ်း/စီ (၁၁)၊ ပုဒ်မ ၁၈ အရေးယူမှုတွေ အလိုမရှိ၊ ချက်ခြင်းရပ်၊ ပြည်သူ့အခွင့်အရေးအပြည့်အ၀ပေး၊၂၀၀၈အခန်း(၈)၊ ပုဒ်မ -၃၅၄၊ MDCF `` စာသားပါ PPC ဆိုင်းဘုတ်ပြား(၂x၆)ပေ အရွယ်ရှိ ဆိုင်းဘုတ်အား ကိုင်ဆောင်ကာ ဆန္ဒပြနေသည်ကို တွေ့ရှိရ၍ ရဲအုပ်ဇော်ဝင်းနိုင် နှင့် အဖွဲ့မှ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြခြင်း မပြုလုပ်ရန် တားမြစ် ခဲ့ပါသည်။


ထိုသို့တားမြစ်သော်လည်း ဆက်လက်ဆန္ဒပြခဲ့သဖြင့် လူ (၄၀)ဦးခန့်နှင့် သတင်းမီဒီယာ (၁၀)ဦးခန့် ရောက်ရှိ လာ၍ လူစုလူဝေးဖြစ်ပေါ်ခဲ့ပါသည်။

၁၀၄၀ အချိန် ဆန္ဒ ပြမှုပြီးဆုံးခဲ့ပြီးနောက်ထင်ကျော်(ခ)ကျော်ထင်မှ ဒီမိုကရေစီအရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အား စု MDCF စာသားပါ တံဆိပ်ဝိုင်းရိုက်နှိပ်ထားသည့်လှုံ့ဆော်စာ(၃)မျက်နှာခန့်ပါ စာရွက် များကို ဆက်လက်ဖြန့်ဝေခဲ့သဖြင့် ရဲအုပ်ဇော်ဝင်းနိုင်နှင့်အဖွဲ့မှ ရဲစခန်းသို့ခေါ်ဆောင်ခဲ့ပါသည်။

အဆိုပါခွင့်ပြုချက်မရှိဘဲဆန္ဒပြမှုနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးယုကြည်မှ ထင်ကျော်(ခ)ကျော်ထင်အား အရေးယူပေးပါရန်တိုင်တန်းသဖြင့် ၁၀.၇.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် ကျောက်တံတား မြို့မ ရဲစခန်း (ပ) ၂၄၁/၂၀၁၃၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ဖြင့် အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။

https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။