/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 24, 2013

.

ဆီးဂိမ်းပြိုင်ပွဲကျင်းပသည့်နေရာများတွင် အင်တာနက်ဝန်ဆောင်မှုပေးရန် Cisco မှ နည်းပညာ ကူညီမည်

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) ကျင်းပသည့်နေရာ များတွင် အင်တာနက်ဝန်ဆောင်မှုပေးရန် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Cisco က နည်းပညာများ ထောက်ပံ့ပေးမည် ဖြစ်သည်ဟု Cisco နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ် ရေးထိုးလိုက်သည့် Red Link ကုမ္ပဏီမှ သိရသည်။


ဒီဇင်ဘာလတွင်ကျင်းပမည့် ဆီးဂိမ်းတွင် အင်တာနက်ဝန်ဆောင်မှုကို Red Link ကုမ္ပဏီ နှင့် ရွှေသံလွင် ကုမ္ပဏီတို့က ဆီးဂိမ်းကျင်းပသည့်နေရာများကို ခွဲ၍၀န်ဆောင်မှုပေးမည်ဖြစ်ပြီး Red Link ကုမ္မဏီအနေ ဖြင့် Cisco နှင့် ပူးပေါင်းကာ Cisco က နည်းပညာပိုင်းကူညီ ဖြေရှင်းပေးသွားရန် ဇူလိုင် ၁၈ ရက်က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက် ခြင်းဖြစ်သည်ဟု Red Link ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က မဇ္ဈိမကို ပြောသည်။

၎င်းက “နက်ခ်ဝပ်နည်းပညာပိုင်းတွေမှာ Wifi ဇုန်တွေကို လာကြည့်တဲ့သူတွေ ဘယ်လိုသုံးလို့ရအောင် ဘယ်လို နည်းပညာတွေနဲ့လွှင့်မလဲဆိုတဲ့ အဲဒီအပိုင်းတွေကို ဒီ Solution မှာ Cisco နဲ့တွဲလုပ်မှာပါ”ဟု ပြောသည်။

အင်တာနက်ဝန်ဆောင်မှုပေးရာတွင် ရွှေသံလွင်ကုမ္ပဏီက နေပြည်တော်နှင့် မန္တလေးမြို့များရှိ အားကစားကွင်းများကို လည်းကောင်း၊ Red Link ကုမ္ပဏီက ရန်ကုန်မြို့နှင့်ငွေဆောင်ရှိ အားကစားပြိုင်ပွဲ ကျင်းပရာနေရာများသို့လည်းကောင်း ၀န်ဆောင်မှုပေးမည်ဖြစ်သည်။

ဝန်ဆောင်မှုပေးမည့် Wifi Free Zone နေရာများတွင် အသုံးပြုရန်အတွက်f Internet Bandwidth ကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ယူသုံးရမည်ဖြစ်သည်ဟု ဦးမျိုးမြင့်ညွန့်က ပြောသည်။

၎င်းက “အခုလောလောဆယ် Servey (စစ်တမ်း) လုပ်ပြီးသွားပြီ။ အင်တာနက် Bandwidth ဘယ်လောက်သုံးမယ် ဆိုတာကတော့ မြန်မာ့ဆက်သွယ်ရေးကနေ Main Bandwidth ကို ယူသုံးရမှာ။ နက်ခ်ဝပ်ပစ္စည်းဝယ်ယူဖို့၊ စက်ပစ္စည်း တွေ တပ်ဆင်ဖို့ကတော့ Cisco နဲ့ စာချုပ်လိုက်တဲ့သဘောပါ”ဟု ပြောသည်။

ဆီးဂိမ်းတွင် Red Link ကုမ္ပဏီက ၀န်ဆောင်မှုပေးမည့် Wifi Free Zone နေရာများမှာ ရန်ကုန် သုဝဏ္ဏ လေ့ကျင့်ရေး အားကစားကွင်း၊ သုဝဏ္ဏအားကစားရုံ၊ မြောက်ဒဂုံသေနတ်ပစ်ကွင်း၊ သိမ်ဖြူအားကစား ကွင်း၊ MCC ခန်းမနှင့် ငွေဆောင်ကမ်းခြေတို့ဖြစ်သည်။

ယင်းအပြင် Red Link ကုမ္ပဏီအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင်ပါဝင်မည့် အားကစားသမားများ၏ အချက်အလက်များ၊ ပြိုင်ပွဲအတွင်း အဖြေရလဒ်များကို ထုတ်လွှင့်ပေးမည့်ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း ရေးဆွဲ ပေးထားပြီး ယင်းအချက်အလက်များကို www.27seagames 2013.com တွင် ၀င်ရောက်ကြည့်ရှုနိုင် မည် ဖြစ်သည်။

Article source: http://www.mizzimaburmese.com/news/sport-new/12761---cisco---.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။