/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 24, 2013

.

ပညာကြိုးစားကြရန် လူငယ်များကို အဆိုတော် ချမ်းချမ်း တိုက်တွန်း



နိုင်ငံတစ်ခုကို ဦးဆောင်မည့်သူသည် ပညာတတ် ဖြစ်ရမည်ဖြစ်ပြီး လူငယ်များအနေဖြင့် ပညာ ကြိုးစားကြရန် နာမည်ကျော် ပေါ့ပ် အဆိုတော် ချမ်းချမ်းက ဆင်းရဲနွမ်းပါးကျောင်းသား လူငယ်များ ၏ ဘ၀မြှင့်တင်ရေး ရံပုံငွေ အနုပညာဖျော်ဖြေပွဲ ယနေ့ပြုလုပ် သည့် သတင်းရှင်းလင်းပွဲတစ်ခု၌ ပြောကြား သွားခဲ့သည်။


ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star Hotal တွင် ပြုလုပ်သည့် ယင်းသတင်းစာရှင်း လင်းပွဲတွင် ချမ်းချမ်းက “အနာ ဂတ်ဦးဆောင်မယ့် လူတွေက လူငယ်တွေပဲလေ၊ ဆိုတော့ သူတို့ရဲ့ ပညာရေးက အဓိကကျတယ်။ ပညာမတတ်ဘဲ နိုင်ငံတစ်ခု ကို ဦးဆောင်လို့ မရဘူး။ ပညာမတတ်ရင် အတွေးမခေါ် မတတ်ဘူး။ အမြင်မကျယ်ဘူး”ဟု သတင်းထောက်များကို ပြောဆိုခဲ့ သည်။

ဆင်းရဲနွမ်းပါးကျောင်းသား လူငယ်များ၏ ဘ၀မြှင့်တင်ရေးရံပုံငွေ အနုပညာဖျော်ဖြေပွဲကို လာမည့် သြဂုတ်လ ၂ရက်နေ့တွင် ပြု လုပ်ကျင်းပမည်ဖြစ်ပြီး အဆိုတော်တစ်ဦးအနေဖြင့် သီချင်းဖျော်ဖြေ သီဆိုခွင့်ရမည့်အပေါ် ကျေနပ်ကြောင်းလည်း ချမ်းချမ်းက ဆက်ပြောသည်။

ထို့အပြင် ကျင်းပသွားရန်ရှိသည် ၎င်းရန်ပုံငွေ အနုပညာဖျော်ဖြေပွဲတွင် အခြား အဆိုတော်များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် လူရွှင်တော်များလည်း ပါဝင်တင်ဆက်ရန် ရှိကြောင်းလည်း ပွဲစီစဉ်သူများက ပြောသည်။

ဖျော်ဖြေပွဲမှ ရရှိလာသော အလှူငွေများကို ဖွံ့ဖြိုးမှု နည်းပါးသည့်ဒေသများနှင့် ငြိမ်းချမ်းရေး ရယူပြီးသော ဒေသများ၊ ပဋိပက္ခဖြစ် စဉ်များကြောင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေရသော ဒေသများရှိ ကျောင်းသားများအား အရေအတွက်တစ်ခု သတ် မှတ်၍ ပညာသင်ထောက်ပံ့မှုများကို ဆောင်ရွက်သွား မည်ဟု သိရသည်။

Credit : http://abbsoluteright.blogspot.com/2013/07/blog-post_7391.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။