/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, July 24, 2013

.

ဝါဒဖြန့် ကြမယ် (၁)


ဝါဒဖြန့် ကြမယ်(၁)

Propaganda (သို့ မဟုတ်)ဝါဒဖြန့် ခြင်းဆိုသည်မှာ အဆိုတစ်ခု(သို့ မဟုတ်)ယုံကြည်ချက်တစ်ခု(သို့ မဟုတ်)ဝါဒတစ်ခုခုကို လူအများ ယုံကြည်လက်ခံလာအောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းခြင်းပင်ဖြစ်သည်။

ဝါဒဖြန့် ခြင်းဟူသည် မိမိဆိုလိုရင်းပန်းတိုင်ရောက်အောင် အသုံးပြုသည့် လမ်းကြောင်းတစ်ခုသာဖြစ်ပြီး အကောင်းအဆိုးကိုမူ ၄င်းတို့ ရည်ညွှန်းရာပန်းတိုင်က အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။
ထို့ ကြောင့် ဝါဒဖြန့် ခြင်းတွင် ကောင်းသောဝါဒဖြန့် ခြင်းရှိသကဲ့သို့  မကောင်းသောဝါဒဖြန့် ခြင်းလည်းရှိနိုင်ပေသည်။
သို့ သော် ဝါဒဖြန့် ခြင်းဟူသော စကားလုံးသည် နာဇီတို့ ၏ လက်ကိုင်တုတ်တစ်ခုဖြစ်ပေရာ ဝါဒဖြန့် ခြင်းဟုဆိုလိုက်သည်နှင့် လူတို့ စိတ်ထဲတွင် မကောင်းသောအမြင်ဖြင့်သာမြင်လေ့ရှိသည်။
၂၁ရာစုတွင်တော့ ဝါဒဖြန့် ခြင်းကို နယ်ပယ်အသီးသီး၌ ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုလာကြပြီဖြစ်ပါသည်။
နိုင်ငံရေးနယ်ပယ်တွင် မဲဆွယ်ရာ၌လည်းကောင်း ၊ ကုန်ပစ္စည်းများကို ကြော်ငြာရာတွင်လည်းကောင်း၊ မီဒီယာမှတစ်ဆင့် လူထုလှုပ်ရှားမှုများပြုလုပ်ရာတွင်လည်းကောင်း ဝါဒဖြန့် ခြင်းသည် အရေးပါသော ပညာတစ်ခုဖြစ်လာပေသည်။

ဝါဒဖြန့် ခြင်းသည် နက်နဲကျယ်ပြန့် သော ပညာတစ်ခုဖြစ်သဖြင့် အချက်အလက် အထောက်အထား ခိုင်ခိုင်လုံလုံပြောနိုင်လျှင် ပြောနိုင်သလောက် တစ်ဖက်သား၏ ယုံကြည်မှုကို ဖမ်းစားနိုင်စွမ်းရှိပေသည်။ထို့ ကြောင့် ၄င်းကို ပညာရပ်တစ်ခု အဖြစ် သီးသန့် ရှုမြင်ခြင်းထက် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာစသောနယ်ပယ်အသီးသီးတွင် အသုံးပြုနေပုံများနှင့် ဆက်စပ်ယှဉ်တွဲစဉ်းစားမှသာလျှင် ရုပ်လုံးကြွလာမည်ဖြစ်သည်။
ဝါဒဖြန့် ခြင်းကို အသုံးချသည့် နယ်ပယ်များမတူညီကြသော်လည်း တူညီသောအချက်များရှိပါသည်။

(၁)ဝါဒဖြန့် ရာတွင် မိမိဦးတည်ရာ ပရိသတ်ကို အသေအချာသိရမည်။
(၂)မိမိဖြန့် လိုသော ဝါဒ(သို့ မဟုတ်)အဆိုကို ပိုင်နိုင်စွာဆုပ်ကိုင်ထားနိုင်ရမည်။
(၃)ထို အဆိုကို အထောက်အပံ့ဖြစ်မည့် အချက်အလက်များစုဆောင်းထားနိုင်ရမည်။
(၄)မိမိပြောလိုသည်တို့ ကို အချိတ်အဆက်မိစေရန် စီစဉ်ထားရမည်။
(၅)ပြောင်မြောက်သော စကားလုံးရွေးချယ်မှုဖြင့် ပရိသတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိရမည်ဟူ၍ဖြစ်သည်။

ဝါဒဖြန့် ခြင်းများမှာ ကျွမ်းကျင်လျှင်ကျွမ်းကျင်သလောက် ပရိသတ်၏အာရုံကိုသိမ်းသွင်းနိုင်သည့်အပြင်  ပရိသတ်ကလည်း မိမိကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းပင်မသိလိုက်ဖြစ်သွားနိုင်သည်။
ဝါဒဖြန့် ခြင်းများသည် နေရာအနှံ့ ရှိနေနိုင်သည့်အတွက် မိမိသည် ဝါဒအဖြန့် ခံနေရပြီလားဟူ၍ စဉ်းစားဆင်ခြင်ရန်လိုပါသည်။ 
အကြောင်းအရာတစ်ခုကို မြင်သမျှနှင့်မယုံရန် ၊ ကြားသမျှနှင့်မယုံရန် ၊ သေချာစဉ်းစားပြီးမှ ယုံကြည်ရန်အရေးကြီးပါသည်။
ထို့ ကြောင့် ဝါဒဖြန့် ခြင်းနည်းနာများကို အသေအချာသိရှိခြင်းအားဖြင့် မိမိကိုယ်တိုင် ဝါဒဖြန့် ပြီး လူပေါ်လူဇော်လုပ်နိုင်သကဲ့သို့  ကိုယ်ကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းမသိအောင်ပင် ထုံအ,နေခြင်းမဖြစ်စေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

ဝါဒဖြန့် ခြင်းနည်းနာများကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် အောက်ပါအတိုင်း တွေ့ ရမည်ဖြစ်ပါသည်။
(၁)တံဆိပ်ကပ်ခြင်း
(၂)ဂုဏ်ပြုတင်စားခြင်း
(၃)အာရုံလွှဲခြင်း
(၄)ကိုယ်စားလှယ်လွှဲခြင်း
(၅)လူထုနှင့်အတူပျော်ဝင်ခြင်း
(၆)အများအကြိုက်လိုက်လုပ်ခြင်း
(၇)ခြိမ်းခြောက်ခြင်း
(၈)ယုတ္တိမရှိ ဆက်စပ်တွေးခေါ်မှုများပြောကြားခြင်း
(၉)မျက်ကန်းဟောကိန်းထုတ်ခြင်း တို့ ဖြစ်ပါသည်။

်
ကိုးကား
"Propaganda and How to recognize it" by Ronald
B.Standler
"Propaganda analysis" by New York Columbia
University.
"Propaganda Model" by Jeffery Klaehn


(မှတ်ချက်။ခေါင်းစဉ်တစ်ခုချင်းကိုတော့ တစ်ရက်တစ်ပုဒ်ရေးသွားပါမယ်။)

Propaganda (သို့ မဟုတ်)ဝါဒဖြန့် ခြင်းဆိုသည်မှာ အဆိုတစ်ခု(သို့ မဟုတ်) ယုံကြည်ချက်တစ်ခု (သို့ မဟုတ်) ဝါဒတစ်ခုခုကို လူအများ ယုံကြည်လက်ခံ လာအောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်း သွင်းခြင်းပင်ဖြစ်သည်။


ဝါဒဖြန့် ခြင်းဟူသည် မိမိဆိုလိုရင်းပန်းတိုင် ရောက် အောင် အသုံးပြုသည့် လမ်းကြောင်းတစ်ခု သာဖြစ်ပြီး အကောင်းအဆိုးကိုမူ ၄င်းတို့ ရည်ညွှန်းရာပန်းတိုင်က အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။ ထို့ ကြောင့် ဝါဒဖြန့် ခြင်းတွင် ကောင်းသောဝါဒဖြန့် ခြင်းရှိသကဲ့သို့  မကောင်းသောဝါဒဖြန့် ခြင်းလည်း ရှိနိုင်ပေသည်။ သို့ သော် ဝါဒဖြန့် ခြင်းဟူသော စကားလုံးသည် နာဇီတို့ ၏ လက်ကိုင်တုတ်တစ်ခုဖြစ်ပေရာ ဝါဒဖြန့် ခြင်းဟုဆိုလိုက်သည်နှင့် လူတို့ စိတ်ထဲတွင် မကောင်းသောအမြင်ဖြင့်သာမြင်လေ့ရှိသည်။ ၂၁ရာစုတွင်တော့ ဝါဒဖြန့် ခြင်းကို နယ်ပယ်အသီးသီး၌ ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုလာကြပြီဖြစ်ပါသည်။ နိုင်ငံရေးနယ်ပယ်တွင် မဲဆွယ်ရာ၌လည်းကောင်း ၊ ကုန်ပစ္စည်းများကို ကြော်ငြာရာတွင်လည်းကောင်း၊ မီဒီယာမှတစ်ဆင့် လူထုလှုပ်ရှားမှုများပြုလုပ်ရာတွင်လည်းကောင်း ဝါဒဖြန့် ခြင်းသည် အရေးပါသော ပညာတစ်ခုဖြစ်လာပေသည်။

ဝါဒဖြန့် ခြင်းသည် နက်နဲကျယ်ပြန့် သော ပညာတစ်ခုဖြစ်သဖြင့် အချက်အလက် အထောက်အထား ခိုင်ခိုင်လုံလုံပြောနိုင်လျှင် ပြောနိုင်သလောက် တစ်ဖက်သား၏ ယုံကြည်မှုကို ဖမ်းစားနိုင်စွမ်းရှိပေသည်။ထို့ ကြောင့် ၄င်းကို ပညာရပ်တစ်ခု အဖြစ် သီးသန့် ရှုမြင်ခြင်းထက် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာစသော နယ်ပယ်အသီးသီးတွင် အသုံးပြုနေပုံများနှင့် ဆက်စပ်ယှဉ်တွဲစဉ်းစားမှသာလျှင် ရုပ်လုံးကြွ လာမည် ဖြစ်သည်။

ဝါဒဖြန့် ခြင်းကို အသုံးချသည့် နယ်ပယ်များမတူညီကြသော်လည်း တူညီသောအချက်များရှိပါသည်။

(၁)ဝါဒဖြန့် ရာတွင် မိမိဦးတည်ရာ ပရိသတ်ကို အသေအချာသိရမည်။
(၂)မိမိဖြန့် လိုသော ဝါဒ(သို့ မဟုတ်)အဆိုကို ပိုင်နိုင်စွာဆုပ်ကိုင်ထားနိုင်ရမည်။
(၃)ထို အဆိုကို အထောက်အပံ့ဖြစ်မည့် အချက်အလက်များစုဆောင်းထားနိုင်ရမည်။
(၄)မိမိပြောလိုသည်တို့ ကို အချိတ်အဆက်မိစေရန် စီစဉ်ထားရမည်။
(၅)ပြောင်မြောက်သော စကားလုံးရွေးချယ်မှုဖြင့် ပရိသတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိရမည်ဟူ၍ဖြစ်သည်။

ဝါဒဖြန့် ခြင်းများမှာ ကျွမ်းကျင်လျှင်ကျွမ်းကျင်သလောက် ပရိသတ်၏အာရုံကိုသိမ်းသွင်းနိုင်သည့်အပြင် ပရိသတ်ကလည်း မိမိကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းပင်မသိလိုက်ဖြစ်သွားနိုင်သည်။ ဝါဒဖြန့် ခြင်းများသည် နေရာအနှံ့ ရှိနေနိုင်သည့်အတွက် မိမိသည် ဝါဒအဖြန့် ခံနေရပြီလားဟူ၍ စဉ်းစားဆင်ခြင်ရန် လိုပါသည်။

အကြောင်းအရာတစ်ခုကို မြင်သမျှနှင့်မယုံရန် ၊ ကြားသမျှနှင့်မယုံရန် ၊ သေချာစဉ်းစားပြီးမှ ယုံကြည်ရန် အရေးကြီးပါသည်။ ထို့ ကြောင့် ဝါဒဖြန့် ခြင်းနည်းနာများကို အသေအချာသိရှိခြင်းအားဖြင့် မိမိကိုယ်တိုင် ဝါဒဖြန့် ပြီး လူပေါ်လူဇော်လုပ်နိုင်သကဲ့သို့  ကိုယ်ကိုယ်တိုင် ဝါဒအဖြန့် ခံနေရမှန်းမသိ အောင်ပင် ထုံအ,နေခြင်းမဖြစ်စေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။

ဝါဒဖြန့် ခြင်းနည်းနာများကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် အောက်ပါအတိုင်း တွေ့ ရမည်ဖြစ်ပါသည်။

(၁)တံဆိပ်ကပ်ခြင်း
(၂)ဂုဏ်ပြုတင်စားခြင်း
(၃)အာရုံလွှဲခြင်း
(၄)ကိုယ်စားလှယ်လွှဲခြင်း
(၅)လူထုနှင့်အတူပျော်ဝင်ခြင်း
(၆)အများအကြိုက်လိုက်လုပ်ခြင်း
(၇)ခြိမ်းခြောက်ခြင်း
(၈)ယုတ္တိမရှိ ဆက်စပ်တွေးခေါ်မှုများပြောကြားခြင်း
(၉)မျက်ကန်းဟောကိန်းထုတ်ခြင်း တို့ ဖြစ်ပါသည်။

ကိုးကား
"Propaganda and How to recognize it" by Ronald B.Standler

"Propaganda analysis" by New York Columbia University.

"Propaganda Model" by Jeffery Klaehn

(မှတ်ချက်။ခေါင်းစဉ်တစ်ခုချင်းကိုတော့ တစ်ရက်တစ်ပုဒ်ရေးသွားပါမယ်။) 

Credit : http://www.ex-absdf.net/2013/07/blog-post_5068.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။