/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 3, 2013

.

ဆိပ်ကမ်းအာဏာပိုင်ရေယာဉ် မီးလောင်မှုဖြစ်



၃-၆-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ဆိပ်ကမ်း မြို့နယ်၊ မိသားစုရပ်ကွက်၊ သိမ်ဖြူ ဆိပ် ခံ တံ တား တွင် ရပ်နား ထားသော ဆိပ်ကမ်းအာဏာပိုင် pilot ကြိုပို့ စတီဗီဒို အမှတ်(၆) ရေယာဉ်အား ရေယာဉ် မှူး ဦးစိုးနိုင်(ဘ) ဦးမောင် စိန်၊ ရေယာဉ်သေး ဌာနခွဲ၊ ဆိပ်ကမ်းအာဏာပိုင်နှင့် စက် ဆရာ ဦးဇော်ဝင်းအောင် (ဘ) ဦးတင်အောင် ၊ ရေယာဉ်သေး ဌာနခွဲ၊ဆိပ်ကမ်း အာဏာ ပိုင်တို့ (၂) ဦးမှ စက်ချို့ယွင်းမှုပြင်ဆင်နေစဉ် အိပ်ဇော ပိုက်ပေါ်သို့ ကျသောဒီဇယ်များမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး အင်ဂျင်အားလောင်ကျွမ်းသဖြင့် ပတ်ဝန်း ကျင်မှ ၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့်၀၆၄၀အချိန်မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် ရေယာဉ်မှူးဦးစိုးနိုင်တွင် ၀ဲ/ယာလက်နှင့် ပေါင်တို့၌မီးလောင်ဒဏ်ရာ၊ စက်ဆရာ ဦးဇော်ဝင်းအောင်တွင် မျက်နှာမီးလောင်ဒဏ်ရာတို့ အသီးသီးရရှိပြီး ရန်ကုန် အလုပ်သမားဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များ အဖြစ်ဆေးကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။