/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 3, 2013

.

တရားစွဲဆိုခံထားသူများ၏ သက်သေအဖြစ် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကို ထည့်သွင်း

ပုဒ်မ (၁၈)နှင့် တရားစွဲဆိုခံထားရသူ (၆)ဦး၏ သက်သေအဖြစ် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း၊ လူ့အခွင့် အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးဝင်းတင်တို့အား ထည့်သွင်းထားကြောင်း တရားစွဲဆိုခံရသူများ၏ ရှေ့နေ ဖြစ်သူ ဦးရောဘတ်စန်းအောင်၏ ပြောကြားချက် အရ သိရသည်။


“နိုင်ငံရေးမှာ ဥပဒေအားနည်းချက်တွေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ(၁၈) ရဲ့  အားနည်း ချက်တွေ၊ အခြေခံဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့ နိုင်ငံသား ဥပဒေတွေနဲ့ တကယ်လက်တွေ့မှာ ရနေတဲ့ လူ့အခွင့်အရေးတွေ ကွဲပြားနေတယ်ဆိုတာကို သိစေချင်လို့ သက်သေအနေ နဲ့ ထည့်သွင်းလိုက်တာပါ” ဟု ပုဒ်မ (၁၈)ဖြင့် တရားစွဲခံထားရသူတစ်ဦးဖြစ်သည့် ကိုဒီငြိမ်းလင်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။


ပုဒ်မ (၁၈)နှင့် တရားစွဲခံရသူ (၆)ဦးမှာ ဒီငြိမ်းလင်း၊ မနန္ဒာ၊ မိုးသွေး၊ အောင်မျိုးဦး၊ ၀င်းကျော်ဦး၊ စိုးမိုးထွန်း တို့ဖြစ်ပြီး သက်သေအဖြစ် ထွက်ဆို ရမည့် ပုဂ္ဂိုလ်(၅)ဦးအား တရားရုံးမှ သမ္မာန်စာ ပေးပို့ရမည်ဖြစ်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ 

“ကျွန်တော်တို့ တရားခွင်ကို သူတို့တွေ သက်သေအနေနဲ့ လာခဲ့မယ်ဆိုရင် ပုဒ်မ ၁၈ရဲ့ အားနည်းချက် တွေကို တင်ပြမှာပါ။ ဥပမာ ဆန္ဒဖော် ထုတ်မယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေဆီမှာ စာတင်ရတယ်။ ခွင့်မပြုရင် ခရိုင်၊တိုင်း တွေကို တက်ပြီး ခွင့်ပြုမိန့်တောင်းရတယ်။ အဲဒီက ခွင့်မပြုရင် မရတော့ဘူး။ အမှန်ဆိုရင် ဒီလိုခွင့်ပြုမိန့်တောင်းတာကို တရားရုံးမှာတင်ပြပြီး ကြားနာသင့်တယ်။ ခွင့်မပြုနိုင်ရင်လည်း ဘယ် အကြောင်းတွေကြောင့် ခွင့်မပြုနိုင်ဘူးဆိုတာမျိုး ၂ဖက် ကြားနာသင့်တယ်” ဟု ရှေ့ နေ ဦးရောဘတ်စန်းအောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။ 

ဆန္ဒဖော်ထုတ်ချင်သူများ ခွင့်ပြုမိန့်တောင်းခံခြင်းကို မပြုလုပ်မီ ၂၄နာရီမတိုင်ခင် ကြိုတင် အကြောင်း ကြားခြင်းမျိုးကို ခွင့်ပြုပေးသင့်ကြောင်း၊ ယင်းအပြင် ဆန္ဒဖော်ထုတ်မည့်သူများအတွက် ဆန္ဒဖော်ထုတ်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးသင့်ကြောင်း၊ ထိုသို့ သတ်မှတ်ပေးခြင်း ကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်နိုင်ကြောင်း၊ ဆန္ဒပြပွဲကို စိတ်ပါဝင်စားသူများလည်းသွားရောက်နားထောင်နိုင်ကြောင်း ရှေ့ နေ ဦးရော ဘတ် စန်းအောင်က ပြောကြားသည်။ 

တရားစွဲဆိုထားသူ (၆) ဦးအား ယမန်နှစ် ဒီဇင်ဘာလ ၁ရက်နေ့က မြေနီကုန်းမှ တရုတ်သံရုံးရှေ့သို့ သံဃာနှင့်လူအင်အား ၅၀ကျော်ခန့်မှ ကြေးနီတောင် စီမံကိန်း အားဆန့်ကျင် လမ်းလျှောက်ချီတက် ဆန္ဒြပမှု ကြောင့် အလုံမြို့ နယ် တရားရုံးတွင် ပြစ်မှုကြီးအမှတ် ၃၁၈/၂၀၁၂၊ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆို ထားခြင်း ဖြစ်ပြီး ဇွန်လ (၁၀)ရက်နေ့တွင် ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။

Credit : http://themyanmaage.com/?p=7156

2 comments:

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။