/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 3, 2013

.

ဖြစ်စဉ်အချို့ဖြစ်ပွားခဲ့သော်လည်း အင်တာနက်တွင် ပြန့်နှံ့သကဲ့သို့မဟုတ်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် ကြီး ဦးတင်လတ်ပြောကြား



မလေးရှားနိုင်ငံ မြန်မာဘုန်းတော်ကြီးကျောင်း ကပ်ပုန်းအနီးတ၀ိုက်တွင် ရိုက်ပွဲဖြစ်ခြင်း၊ ဆလာရမ်း ၌ ရိုက် ပွဲဖြစ်ခြင်း မြန်မာများသေဆုံးခြင်းစသဖြင့် အင်တာနက်စာမျက်နှာများတွင် ပြန့်နှံ့နေသော သတင်း များနှင့် ပတ် သက်ပြီး မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်အား မြန်မာ့အသံမှ ညွှန်ကြားရေး မှူး ဦးဇေယျက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ကြောင်းသိရသည်။


ယင်းသို့မေးမြန်းခဲ့ရာတွင် ဦးတင်လတ်မှ ဖြစ်စဉ်များသည် ဆလာရမ်းဒေသ အနီး တ၀ိုက် တွင်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ အဓိကဖြစ်စဉ် ၃ ခုဖြစ်ပွားခဲ့ပြီး အမည်မသိလူများ၏အကြမ်းဖက်ခံရသဖြင့် မြန် မာနှစ်ဦး ဒဏ်ရာရရှိဆေးကုသခံနေရကြောင်း တစ်ဦးသေဆုံးခဲ့ကြောင်းပြောကြားခဲ့သည်။

ထိုဖြစ်စဉ်များကြောင့် ဆလာရမ်းရှိကလေးများသည် စိုးရိမ်ကြောင့်ကြလွန်ပြီး မလေးရှားရှိ မြန်မာ ဘုန်းေ တ်ာကြီး အရှင်ဒေါက်တာဆန္ဒိက ကျောင်းထိုင်သော ကပ်ပုန်းအရပ်ရှိ ကပ်ပုန်း ဘုန်းကြီးကျောင်းသို့ သွားေ ရာက် ခိုလှုံခြင်းဖြစ်ကြောင်း ၊ ခိုလှုံသူ (လောလောဆယ်) ၃၀ ဦးခန့်ရှိကြောင်း ဦးတင်လတ် ကပြောကြား သည်။

သို့သော် အင်တာနက်သတင်း၌ ပြန့်နှံ့နေသကဲ့သို့ ဘုန်းတော်ကြီးကျောင်း အတွင်းဝင်ရောက် ရိုက်နှ က်ခြင်းနှင့် သေဆုံးခြင်းဖြစ်စဉ်ဖြစ်ပွားမှုမရှိကြောင်းဆိုသည်။

ထို့ပြင် ဆလာရမ်းဒေသ၌ဖြစ်ပွားခဲ့သော ဖြစ်စဉ်သည် ဘာသာရေးပေါ်အခြေခံဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ ဒုစ ရိုက် နယ်မြေမို့ ဖြစ်ရိုးဖြစ်စဉ်အနေဖြင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ထိုဖြစ်စဉ်များအပေါ် မလေးရှားနိုင်ငံ၏ သက် ဆိုင် ရာဌာနများ ရဲတပ်ဖွဲ့များ၊ သံမှူးများထံ အကြောင်းကြားထားပြီး ကူညီဆောင် ရွက်ပေး ရန်မြန် မာသံရုံးအနေဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း ဦးတင်လတ်ကပြောကြားခဲ့သည်။

NLA

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။