/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, June 3, 2013

.

ခရိုင် / မြို့ နယ် ပါတီ ဥက္ကဌ များခန့် အပ်ရန် အတွက် သောကပွေနေတဲ့  ပြည် ခိုင် ဖြိုး ပါတီ



၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော (၈၈၈၈) ရှစ် လေးလုံး လူထုလှုပ်ရှားမှုကြီးကြောင့် မင်းမဲ့ စရိုက် ဆန် သော ဆူပူအုံကြွမှုများပူးတွဲဖြစ်ပေါ် လာသော အခါ မြန်မာ့လွတ်လပ်ရေး အချုပ်အခြာ အာဏာ ဆုံးရှုံး တော့မည့် အရေးနှင့်ကြုံတွေ့ ခိုက်တွင် တပ်မတော်က အာဏာသိမ်းခဲ့ရသည်။


အာဏာသိမ်း တပ်မတော်အစိုးရကို အိမ်နီးချင်းနှင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှ ဖိနှိပ်မှုများ များပြားလာ သည့်အတွက် ပြည်သူလူထု ထောက်ခံအား ပေး သော အစိုးရအဖြစ် ရပ်တည်နိုင်ရန် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖြွံ့ဖိုးရေးအသင်းအမည်ဖြင့် လူမှုရေး အသင်းကြီးကိုတည်ထောင်ခဲ့ပြီး နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကိုယ်တိုင်နာယကအဖြစ်ပါဝင်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် နာယကအဖြစ် ပါဝင်ခဲ့သဖြင့် ပြည်ခိုင်ဖြိုး အသင်းများကို အထူး အခွင့် အရေးများ ရရှိစေခဲ့သည်။ သို့ သော်လည်း အထူးအခွင့်အရေးများမှာ တိုင်း/ပြည်နယ် အဆင့် အလုပ်အမှုဆောင်ကော်မတီအဖွဲ့ မှ အတွင်းရေးမှူး/ တွဲဖက်အတွင်းရေးမှူး ၊ စီမံဌာန၊ စည်းရုံးဌာန တို့  ၏ ရေးရာတာဝန်ခံများ၊ခရိုင် အတွင်းရေးမှူးများ၊ မြို့ နယ်အတွင်းရေးမှူး ဆိုသူများ အတွက် သာဖြစ်ပေါ် စေခဲ့သည် ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း သို့ ပရဟိတစိတ် သက်သက်ဖြင့်ဆောင်ရွက် လိုသူများအတွက် ယင်းသို့ သော အခွင့်အရေး များ ဖြစ်ပေါ်ခြင်း မရှိခဲ့သလို တိုင်း/ပြည်နယ် အလုပ်အမှု ဆောင်အတွင်းမှာလည်း အတွင်းရေးမှူး/ တွဲဖက်အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်တစ်ချို့ ၊ ခရိုင် အဆင့်တွင် အတွင်းရေးမှူး တစ်ဦးတည်းသက်သက်နှင့် မြို့ နယ် အဆင့်တွင် မြို့ နယ် အတွင်းရေးမှူး တစ်ဦးတည်းသက်သက် အတွက်သာ အခွင့်ထူးခံဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ 

ယင်းသို့ သော အခွင့်အရေးရယူမှုများကို နိုင်ငံတော်အကြီးအကဲ က ကာ/ချုပ် ရုံးတွင် မှတ်တမ်းထားရှိ စေခဲ့ကြောင်း နှင့် ယင်းမှတ်တမ်းများအရ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ပြည် ခိုင် ဖြိုး အသင်းရန်ပုံငွေ အမည်ဖြင့် ကိုယ်ကျိုးရှာထားသည့် လုပ်ငန်းဖိုင်တွဲများမှာ သောင်းချီ ရှိနေကြောင်း၊ ယင်းသို့ သော လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း အောက်ခြေ ပြည်ခိုင်ဖြိုး များထံမရောက်ပဲ အမည်ပေါက် လုပ်ကိုင်ခွင့်ရသူများ၏ မိသားစုများ ကြံ့ခိုင်ဖို့ /ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက်သာ ဖြစ်စေခဲ့သည့် အတွက် ပြည် ခိုင် ဖြိုးအစား ပြည်ခိုင်ဖြိုး တာဝန်ရှိသူများကိုယ်တိုင် အခွင့်ထူးခံလူတန်းစားများကို ကြံ့ဖွ့ံ ဟူ၍ ပြောင်းလဲ အမည် တပ် ခဲ့ကြသည်။ ယင်းသို့ တိုင်းအဆင့် ပြည်နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့ မှ အတွင်းရေးမှူးများနှင့်တွဲဖက်အတွင်းရေးမှူးများနှင့်အလုပ်အမှုဆောင်များ၏ ကိုယ်ကျိုးရှာမှု များကြောင့် ပြည် ခိုင် ဖြိုး ပါတီကို ပြန်လည်ဖွဲ့ စည်းရာတွင် တိုင်း/ပြည်နယ် ဒေသကြီး ပါတီ အတွင်းရေး မှူးများ ကို ဥက္ကဌ အဆင့်သို့ တိုးမြှင့်ပေးခြင်း မပြုလုပ်နိုင်ပဲ တိုင်း/ပြည်နယ် ၀န်ကြီးချုပ် များကို တိုင်း/ပြည်နယ် ပါတီ ဥက္ကဌ များအဖြစ်ဆောင်ရွက်ရန် တာဝန်ပေးခဲ့ရသည်။ 

ပါတီဖွဲ့ စည်းပုံအရ ခရိုင် / မြို့ နယ် ပါတီများတွင်လည်း ပါတီဥက္ကဌ များကို ခန့် အပ် တာဝန်ပေး ရ တော့မည်ဖြစ်သဖြင့် ၂၀၁၃ ခုနှစ် ၊ ဇွန် လ၊ တတိယ ပတ်အတွင်း တိုင်း/ပြည်နယ် ဒေသကြီးအသီးသီး မှ ပါတီဥက္ကဌ များနှင့် အတွင်းရေးမှူးများကို နေပြည်တော် ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ် သို့  ဖိတ်ခေါ် ထားကြောင်း၊ ခရိုင်နှင့် မြို့ နယ် များ တွင် ယခင် နာမည်ပေါက်ပြီးအတွင်းရေးမှူးများကို ပါတီ ဥက္ကဌ အဖြစ် ခန့် အပ်တာဝန်ပေးနိုင်ရေး ဆောင်ရွက်ကြရန် ကြံ့ ဖွ့ံ အမည်တပ်ခံရသူများက ကြိုးစားဆောင် ရွက်နေကြ ကြောင်းသိရသည် ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီကို ပြည်သူချစ်သော ပါတီအဖြစ်သို့ အသွင်ကူးပြောင်းဖွဲ့  စည်း ရာတွင် ပြည်သူ က စားဖားများအဖြစ်သတ်မှတ်ထားပြီး ပြည်ခိုင်ဖြိုး ပါတီက ကြံ့ဖွံ့  များဟု အမည်တပ် ခံထားရသည့် အခွင့်ထူးခံစားပြီးသူ များ ကို ပါတီ ဥ က္ကဌ များ အဖြစ် တာဝန်ပေး မည်ဆိုပါက အ မျိုး သား ဒီမို ကရေစီ အဖွဲ့ ချုပ်၏ ပါတီအသစ်ပြန်လည်ဖွဲ့ စည်းမှုထက် နိမ့်ကျသော ဖွ့ဲ စည်း မှုဖြစ် ပေါ်စေ မည်ဖြစ်ကြောင်း ဦးရှိန် (အငြိမ်းစား) မှ ပြောကြားသည် ။ 

ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ဒီမိုကရေစီနှင့် ပိုမိုသင့်လျော်သော လူရည်တတ်များဖြင့် နေရာပေး၍ ပါတီအသစ်ဖွဲ့ စည်းခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက် ထောင်ထဲဝင်မည်ဆိုသော လူ့ ဗာလ နိုင်ငံရေးသမားများကို နေရာပေးခြင်း မရှိတော့သည်ကို တိုင်း/ပြည် နယ် အသီးသီးရှိ ပါတီရွေးချယ်ဖွဲ့ စည်းရေး ရလဒ်များအရသက်သေပြပြီးဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီ ကမူ လူကြည်ညို ကင်းမဲ့ နေသည့် ပါတီအတွင်းရေးမှူး ဆိုသူများကို နေရာပေးရန် ပြင်ဆင်နေခြင်းမှာ ပါတီကို ပျက်သုဉ်းစေနိုင်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး တွင် တိုင်း/ပြည်နယ် အသီးသီးရှိ ပြည်ခိုင်ဖြိုး များရရှိသော လုပ်ပိုင်ခွင့်များကို ဖိုင်တွဲထားရာ ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုး အတွင်းရေးမှူး အမည် ဖြင့် ရန်ပုံငွေ တောင်းသည့် လျှောက်လွှာနှင့် ခွင့်ပြု လုပ်ငန်း အမျိုးအမည်ပေါင်း နှစ်ထောင် ကျော် ရှိသလို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး တွဲဖက် အတွင်း ရေးမှူး အမည် ဖြင့် ခွင့်ပြု လုပ်ငန်းပေါင်း တစ်ထောင့် ခုနှစ်ရာကျော်ရှိနေကြောင်း ကာကွယ်ရေး ဦးစီးချုပ် ရုံးမှတ်တမ်းများက ဖေါ်ပြထားသည်ဟု Best Man အငြိမ်းစားများ ကပြောကြားသည် ။

တကယ့် တကယ်တမ်းအနေဖြင့် ယင်းရန်ပုံငွေလုပ်ငန်း သုံးထောင့်ခုနှစ်ရာကျော်မှ ရရှိသော အကျိုးအမြတ်များမှာ အောက်ခြေ မြို့  နယ် နှင့် ရပ်ကွက် များရှိ ပြည်ခိုင်ဖြိုးအမာခံ များထံ သို့ ရောက်ရှိခြင်းမရှိပဲ ရန်ပုံငွေလုပ်ငန်းအမည်တပ်ရန် လုပ်ငန်းရှာလာသူ၊လျှာက်လွှာ တင်ပေးသူ၊ လျှောက် လွှာ အမည်ခံသူ အုပ်စု လူနည်းစု သာ ကိုယ်ကျိုးစီးပွားအတွက် သာဖြစ်ခဲ့ခြင်းကြောင့် မြို့ နယ် / ခရိုင် ပါတီ ဥက္ကဌ များ ခန့် အပ်ရေးမှာ ရင်လေး စရာ အခြေ အနေဖြစ်နေကြောင်း အငြိမ်းစားများကပြောကြားသည်။ 

ဂုံးတဲတောင် (၁၂၀၀-၁၆၂၀၁၃) 

Credit : http://www.khitthitmyanmar.com/2013/06/blog-post.html?zx=ec33cfa46a6ad4b1

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။