/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 4, 2013

.

စစ်ကိုင်းသား နိုင်/ကတ်နံပါတ်ဘာသာခြားတစ်ဦးရရှိ

စစ်ကိုင်းသားတစ်ဦး ၁၉၉၂ က ရထားတဲ့ နိုင်/ကတ်နံပါတ်ကို အခြားကပြောင်းလာတဲ့ ဘာသာခြား တစ်ဦးက ၁၉၉၇ မှာ ထပ်မံရရှိထား


မေလအတွင်း ဒုတိယအ ကြိမ်မြောက် ကျပ်-၁၅၀၀ တန် တယ်လီဖုန်းများ မဲဖောက်ချထား ကြေညာသည့်အခါ စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်တွင် တယ်လီ ဖုန်းမဲပေါက်သူတစ်ဦး၏ နိုင်ငံ သားစီစစ်ရေးကတ်ပြားအမှတ်နှင့် အခြားတယ်လီဖုန်းလျှောက်ထား သူ (တယ်လီဖုန်းမဲမပေါက်သူ) တစ်ဦး ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားနံပါတ်တို့မှာ တူညီနေ သဖြင့် သက်ဆိုင်ရာရပ်ကွက်အုပ် ချုပ်ရေးမှူးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ သွားရောက် ဖြေရှင်း ပေးနိုင်ရန် တင်ပြထားကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ မေလတတိယပတ်အတွင်းက ကျပ်-၁၅၀၀တန် တယ်လီဖုန်း ဆင်းကတ်များအား မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီမှ မဲနှိုက်ရွေးချယ် ချထားပေးခဲ့ပြီး သက်ဆိုင်ရာရပ် ကွက်ရုံးများတွင် တယ်လီဖုန်းမဲ ပေါက်သူများ၏ စာရင်းအား အ မှတ်စဉ်၊ အမည်၊ ရပ်ကွက်နှင့် နိုင် ငံသားစီစစ်ရေးကတ်ပြား (မှတ်ပုံ တင်) အမှတ်တို့နှင့်တကွ ကြေ ညာပေးခဲ့သည်။ 

ပန်းပဲတန်းရပ် ကွက်မှ တယ်လီဖုန်းလျှောက်ထား သူ ဦး—–သည် တယ်လီဖုန်းမဲ စာရင်းတွင် မိမိအမည်စာရင်းပါ၊ မပါကို ရပ်ကွက်ရုံးသို့ သွားရောက် ကြည့်ရှုသည့်အခါ တယ်လီဖုန်း မဲ ပေါက်သူစာရင်း အမှတ်စဉ် (—)တွင် မိမိ၏ နိုင်ငံသားစီစစ်ရေး ကတ်ပြားအမှတ် ၅/စကန(နိုင်) -၀၀၆— နှင့် အခြားသူတစ်ဦး မဲ ပေါက်နေသည်ကိုတွေ့ရှိသဖြင့် ရပ် ကွက် အုပ်ချုပ်ပေါ်မှူးထံသို့ သွား ရောက်အကြောင်းကြားတင်ပြသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ နိုင် ငံသားစီစစ်ရေးကတ်ပြားနံပါတ်တူ နှင့် တယ်လီဖုန်းမဲပေါက်သူအား ခေါ်ယူမေးမြန်းစီစစ်ရာတွင် တစ် ရပ်ကွက်တည်းနေ၊ နိုင်ငံသားစီစစ် ရေးကတ်ပြားနံပါတ်တူ၊ နာမည်မ တူ လူနှစ်ဦးတို့ စီစစ်တွေ့ရှိခဲ့ ကြောင်း သိရသည်။ 

ဆက်လက် ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ သွားရောက်တင်ပြရာ တယ်လီ ဖုန်းမဲမပေါက်သူ ဦး—သည် ပန်း ပဲတန်းရပ်ကွက်တွင် မွေးဖွားနေ ထိုင်ကြီးပြင်းခဲ့သူဖြစ်ပြီး နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် ပတ်သက် သည့် အမှုတွဲရှိသူဖြစ်ကြောင်း၊ တယ်လီဖုန်းမဲပေါက်သူ ဦး—သည် အခြားမြို့ရွာမှ ပြောင်းရွေ့ လာသူ၊ ဘာသူခြားတစ်ဦးဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် ပတ်သက်သည့် အမှုတွဲမှာ စစ် ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး တွင် မတွေ့ရှိကြောင်း သိရသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြား အမှတ် ၅/စကန(နိုင်)-၀၀၆— အား ကိုင်ဆောင်ထားသူ၊ (တယ် လီဖုန်း မဲမပေါက်သည့်) ဦး—– သည် နိုင်ငံသားစီစစ်ရေးကတ် ပြားကို ၁၉၉၂ ခုနှစ်က ထုတ်ပေး ကိုင်ဆောင် ထားခြင်းဖြစ်ကြောင်း၊ တယ်လီဖုန်းမဲပေါက်သူ ဦး—– သည် အခြားမြို့နယ်မှ ပြောင်း ရွေ့လာရောက် နေထိုင်ကာ နိုင်ငံ သားကတ်ပြားကို ၁၉၉၇ ခုနှစ်က ရရှိကိုင်ဆောင်ထားသူဖြစ်ကြောင်း သိရသည်။ ယခုအခါ အခြားမြို့ ရွာမှ ပြောင်းရွေ့လာရောက်နေ ထိုင်သူ ဦး—နှင့် သက်ဆိုင်သည့် အမှုတွဲအား မူလပြောင်းရွေ့လာ သည့် မြို့နယ်(လ-၀-က)ရုံးသို့ သွားရောက်ရယူခိုင်းထားကြောင်း သိရသည်။

Credit : http://www.searchmyanmar.com/click/search/domain/hotnewsweekly.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။