/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 4, 2013

.

ဟံသာဝတီလေဆိပ် စီမံကိန်းလုပ်ကိုင်ခွင့် လျှောက်ထားသည့် ပြည်ပကုမ္ပဏီသုံးခု နုတ်ထွက်

မြန်မာနိုင်ငံတွင် အကြီးဆုံး နိုင်ငံတကာလေဆိပ် ဖြစ်လာမည့် ဟံသာဝတီလေဆိပ်စီမံကိန်း လုပ်ကိုင်ခွင့် ရရန် လျှောက်ထားမှုအောင်မြင် သည့် ကုမ္ပဏီ ခုနှစ်ခုထဲမှ ပြည်ပကုမ္ပဏီ သုံးခု နုတ်ထွက် သွားပြီဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက The Voice သို့ ပြောကြားသည်။


လျှောက်ထားသူများတွင် နောက်ဆုံးအဆင့် တင်ဒါရွေးချယ်ပွဲ ဝင်ရောက်ရန် အကြို အရည်အချင်းစစ် အောင်မြင်သည့် ကုမ္ပဏီ ခုနစ်ခု အနက် ပြင်သစ်နိုင်ငံမှ Bouygues Batiment International ကုမ္ပဏီ၊ မလေးရှားနိုင်ငံမှ Gamuda-Crec Joint Venture ကုမ္ပဏီ၊ စင်ကာပူနှင့် အိန္ဒိယဖက်စပ် ကုမ္ပဏီ ဖြစ်သော ITNL International Pte,Ltd. တို့ သည် နောက်ဆုံးအဆင့်အတွက် တင်ဒါတင်ခြင်း မရှိတော့ကြောင်း ၎င်းကဆိုသည်။

အဆိုပါကုမ္ပဏီများသည် နည်းပညာ နှင့် ငွေကြေးလိုအပ်ချက်ရှိခြင်း၊ အခြားရင်းနှီးမြှုပ်နှံမှုကို ရရှိ သွားခြင်း၊ အမေရိကန် ဒေါ်လာတစ်သန်းခွဲ အကုန်ကျခံ၍ ဒီဇိုင်းရေးဆွဲခြင်း၊ တွက်ချက်ခြင်းများ ပြုလုပ်ပြီးမှ တင်ဒါ တင်ရခြင်း၊ လေဆိပ်ပြုလုပ်ရန် ကန်ဒေါ်လာ ၂ ဘီလီယံ ထပ်မံ အကုန်ကျ မခံနိုင်ခြင်း၊ ကုမ္ပဏီကြီးများနှင့် မယှဉ်နိုင်ခြင်း တို့ကြောင့် နုတ် ထွက်ခြင်း ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန လေယာဉ်ကွင်းစံချိန် စံညွန်းနှင့် စစ်ဆေးရေး ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

နောက်ဆုံးအဆင့် ရွေးချယ်မှုအတွက် ကုမ္ပဏီခုနစ်ခုကို မေလ ၂၇ ရက်နေ့ ညနေ ၃ နာရီ နောက်ဆုံးထား ၍ တင်ဒါတင်ရန် ညွှန်ကြားထားခဲ့ပြီး စက်တင်ဘာလတွင် အပြီးသတ် ရွေးချယ်၍ လုပ်ဆောင် သွားမည်ဖြစ် ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ဆိုသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် နိုင်ငံတကာမှ ကုမ္ပဏီ ၇၄ ခု တင်ခဲ့ရာတွင် ကန့် သတ်ချက်များအရ ၃၀ သာ တင်နိုင်ပြီး အကြို အရည်အချင်းစစ်ကို အောင်မြင်သော ကုမ္ပဏီ ခုနစ်ခုမှာ Yongnam- CAPE- JGC Consortium၊ Taisei Corporation၊ Gamuda- Crec Joint Venture၊ Bouygues Batiment International၊ VINCI Airports၊ Incheon Airport Consortium တို့ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

ယင်းစီမံကိန်းအတွက် ပဏာမ အကြိုအရည်အချင်းစစ်ရန် လျှောက်လွှာ များကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအထိ လက်ခံခဲ့သည်။

The Voice Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။