/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 11, 2013

.

မလေးရောက် မြန်မာများအတွက် ၀မ်းသာစရာ အထူးသတင်း



ယခုရက်ပိုင်းများအတွင်း မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံနေရသူများနှင့် အခက်အခဲတွေ့နေသော မြန်မာ နိုင်ငံသားများအတွက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦး အောင်ကိုဝင်းက ကနဦး လှူဒါန်းငွေ အမေရိကန် ဒေါ်လာ ၅၀၀၀၀ အား Eleven Media Group မှတစ်ဆင့် မလေးရှားနိုင်ငံရှိ ကပုန်း နာရေးကူညီမှု အသင်းသို့ ဇွန် ၁၁ ရက်တွင် ပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ လိုအပ်ပါက ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိ ရသည်။


ထို့ပြင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မြန်မာနိုင်ငံသားများအတွက် ဇွန် ၁၂ ရက်မှ စတင်၍ တစ်လတိတိကို MAI လေကြောင်းလိုင်း ခရီးစဉ်များတွင် လေယာဉ်လက်မှတ်ခ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

EMG

မက်စ်မြန်မာကုမ္ပဏီ ဥက္ကဌ ဦးဇော်ဇော်က မလေးရှားနိုင်ငံတွင် အခက်အခဲတွေ့နေသော မြန်မာနိုင်ငံသား များအား လိုအပ်သည်များ ကူညီနိုင်ရန် ဧရာဝတီဖောင်ဒေးရှင်းမှ အမှုဆောင်များအား စေလွှတ်မည်ဖြစ်ပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လာလိုပါက ဦးရေ (၁၀၀၀) စာ အတွက် လေယာဉ်လက်မှတ် အခမဲ့ လှူ ဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မလေးရှားရှိ ကပုန်း နာရေးကူညီမှု အသင်းသို့ ဒေါ်လာ ၂၀၀၀၀ ကို Eleven Media Group မှ တစ်ဆင့် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

From: www.mmdailystar.com 

3 comments:

  1. လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်ကြပါ။

    ReplyDelete
  2. ဉီးဇော်ဇော် ဉီးအောင်ကိုဝင်း ဦးတေဇ တို့ကိုကျေးဇူးတင်ပါတယ်ဗျာ။
    မလေးရှားကမြန်မာတွေကိုယ်စားပါ။ကြားရတာ ရင်နဲ့ မဆံ့အောင်ခံစားရပါတယ်(ကျနော့်အမျိုးတွေမရှိပေမယ့်လည်း)
    မြန်မာတွေခံနေရတော့ ဒေါ်စု ပါးစပ်ပိတ်နေပါလား
    သြော်သူနဲ့ ဘာမှမဆိုင်ဘူးနဲ့ တူတယ်နော်

    ReplyDelete
  3. မ လေးရောက်မြန်မာတိုင်းသားအားလုးံကိုပြန်ခေါ်ပေးပါ မျိုးချစ်စိတ်ဓာက် ရှိသူအားလုးံကို thanksပါ ဗမာ့လူ့လင်

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။