ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ မယုံ ကြည်သောေ ကြာင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့် သည်ဟု ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက ပြောကြား သည်။ ဇွန် ၉ ရက်က ရန်ကုန်မြို့၌ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုး တက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့်အဖွဲ့ ၀င်များ၊ ဥပဒေကြမ်းကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အဖွဲ့ဝင်များတွေ့ဆုံပြီး ပြန်ကြားရေး ၀န်ကြီး ဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေမူကြမ်း၊ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ဦးရဲထွန်းက ယခုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
''အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သလား မရှိသင့်ဘူးလားကပြဿနာပါ။ စီးပွားရေး သမား ကတော့ စီးပွားရေးအမြင်နဲ့ ပြောမှာပေါ့။ ကျွန်တော်တို့ အခြေမကျခင်မှာ ကျွန်တော်တို့ကို လာပြိုင် တယ် ဆိုတာမျိုးပေါ့။ သို့သော် ပြည်သူလူထုဘက်က အကျိုးရှိမှုဘက်က ကြည့်တဲ့အခါ ဒါကို ရှိသင့် တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပုဂ္ဂလိကက ကိုင်ထားတဲ့ မီဒီယာတွေကို အလုံးစုံ မယုံကြည်ဘူး။ အရင် ကျွန်တော်တို့ခေတ်က သတင်းစာတွေလို ပါတီတစ် ခုကောင်းကြောင်း ပါတီတစ်ခုရဲ့ ပုဂ္ဂိုလ်ရေး မကောင်းကြောင်း တစ်ဖက်သတ် ရေးလွန်းလို့ ကျွန်တော်က မျှတတဲ့ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက်အလက်ကို ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်ကပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီက လည်း မဟုတ်ပါဘူး။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကပါ'' ဟု ဦးရဲထွန်းက ပြောကြား သည်။
ဦးရဲထွန်း၏ ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ မယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟု ပြောဆိုမှုအပေါ် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များက ကန့်ကွက်ခဲ့ကြသည်။
ဦးရဲထွန်း၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီမှ ဒေါက်တာမျိုးသန့်တင်က ''အများပြည်သူ ၀န်ဆောင်မှု မီဒီယာရှိတာကို ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်ဘူး။ ဒါပေမဲ့ အခုတင်လိုက် တဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေထဲမှာက မျှတတဲ့ ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက် အလက်တွေ တစ်ခုမှ မပါဘူး'' ဟု ပြောကြားသည်။ဒီမိုကရေစီလို့ အမည်ခံထားတဲ့ ပါတီတွေက ဒီမိုကရေ စီကို ဆန့်ကျင်ပြီး Freedom of Press ကို ထိခိုက်စေတဲ့ လုပ်ဆောင်မှု ပြောဆိုမှုတွေရှိရင် ကန့်ကွက် ဝေဖန်ရမှာပဲ။ အဲဒီလိုပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Freedom of Press ကို ကာကွယ်တယ်ဆိုရင် ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ကတော့ ဘယ်ပါတီဆိုတာထက် Principle အတိုင်း ရပ်တည်မှာပါ...
''အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ်နဲ့ သွားမယ်ဆိုရင် ဥပဒေကိုရေးပြီးကာမှ ဥပဒေကို အများပြည် သူကို ဆွေးနွေးခိုင်းတာထက် အဲဒီလို ပြောင်းသင့် မပြောင်းသင့်ကို သဘောတူမတူ အရင်ဆုံး ဆွေးနွေးပွဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အများပြည်သူက သဘောတူတယ်ဆိုမှ ဘယ်ပုံဘယ်နည်းနဲ့ အကောင် အထည် ဖော်မယ်ဆိုတာမျိုး လုပ်မယ်ဆိုရင် သဘာဝကျပါတယ်'' ဟု ဦးဖေမြင့်က ပြောကြားသည်။
''ဦးရဲထွန်းရဲ့ ပြောကြားချက်ကို ကန့်ကွက်ပါတယ်။ ဒီမိုကရေစီလို့ အမည်ခံထားတဲ့ ပါတီတွေက ဒီမိုကရေစီကို ဆန့်ကျင်ပြီး Freedom of Press ကို ထိခိုက်စေတဲ့ လုပ်ဆောင်မှု ပြောဆိုမှုတွေရှိရင် ကန့်ကွက်ဝေဖန်ရမှာပဲ။ အဲဒီလိုပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Freedom of Press ကို ကာကွယ်တယ်ဆိုရင် ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ကတော့ ဘယ်ပါတီဆိုတာထက် Principle အတိုင်း ရပ်တည်မှာပါ။ PSM နဲ့ ပတ်သက်ရင် ပြည်သူ့ဘဏ္ဍာနဲ့ စီးပွားရေး ၀င်လုပ်မှာကို လက်မခံပါဘူး။ မီဒီယာလွတ်လပ်ခွင့်ကို သွယ်ဝိုက်ထိန်းချုပ်ဖို့ လုပ်တာကို လက်မခံပါဘူး။ တကယ်လို့ အများပြည်သူ အတွက် အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်း မဟုတ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို ၁၀၀ ရာ ခိုင်နှုန်း အပြည့်ယူပါ။ ပြီးရင် အခကြေးငွေ မယူဘဲ ပြည်သူကို ဖြန့်ဝေပါ'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာသိန်းမြင့်က ပြောကြား
သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းဆွေကလည်း ''Public Service Media ကို ဂျာနယ်လစ် Association တစ်ခုခုကနေ ရှယ်ယာခေါ်ပြီး စထောင်လိုက်တာမျိုး Independent ဖြစ်တဲ့သူက စထောင်လိုက်တာမျိုးက Public Service Media ဖြစ်တယ်။ အစိုးရဆီကို ဘက်ဂျက်တောင်းတာမျိုး လွှတ်တော်ကို ဘက်ဂျက်တောင်းတာမျိုးက မျှတတယ်။ ပြန်ကြားရေးက ဒါလုပ်တာဟာ Fair မဖြစ်ဘူး။ ပြန်ကြားရေးက လုပ်ခြင်းကြောင့် ပြန်ကြားရေးနဲ့ ကျွန်တော်တို့ ဟာ တောက်လျှောက် ဆက်ဆံခဲ့ခြင်းကြောင့် ပြန်ကြားရေးကလုပ်တာ ဘယ်တော့မှ မရိုးသားဘူး'' ဟု ပြောကြားသည်။
ထို့ပြင် လက်ရှိနိုင်ငံပိုင် သတင်းစာများသည် အကျိုးအမြတ်များစွာ ရရှိနေသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကပြောကြားထားသော်လည်း ယင်းနိုင်ငံပိုင် သတင်းစာများအား အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲလုပ်ဆောင်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများ အသုံးပြု မည် ဆိုသည့်အပေါ် မီဒီယာသမားများက ဝေဖန်ခဲ့ကြသည်။
''ဒုဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ထုတ်နေတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းသည် အဆပေါင်းများစွာ ဘီလျံနဲ့ မြတ်တယ်ဆိုပြီး ပြောထားပါတယ်။ သူကိုယ်တိုင် ပြောထားတာပါ။ သက်သေရှိပါ တယ်။ ကြော်ငြာ နဲ့တင် ဒီသတင်းစာတွေကို လည်ပတ်နေလို့ ရတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ၇၀ ရာခိုင်နှုန်း တောင်း သလဲ'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) က ပြောကြားသည်။
''ကျွန်တော်တို့ သတင်းစာကို စီးပွားဖြစ် လုပ်နေတာ မဟုတ်ပါဘူး။ စီးပွားရှာတဲ့ လုပ်ငန်းတွေ အများကြီးထဲမှာ သတင်းစာ မပါပါဘူး။ တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တပ်မတော်ဟာ အင်အား တောင့်တင်းဖို့ လိုပါတယ်။ ကျည်ဆန်တွေ လက်နက်တွေနဲ့မှ တိုင်းပြည်ကို ကာကွယ်လို့ရတာ မဟုတ်ပါဘူး။ သတင်းစာတွေဆိုတာ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ။ သတင်းစာဆရာတွေထဲမှာ ချမ်းသာတဲ့ သတင်းစာ ဆရာ ရှိကောင်းရှိမယ်။ အင်မတန် နည်းပါတယ်။ ဘာကြောင့် ဖြစ်ဖြစ် အကျိုးအမြတ်ထက် တိုင်းပြည် အတွက် လုပ်နေကြတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဇွန် ၈ ရက်က ရန်ကုန်မြို့၌ပင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ဦးဆောင်ပြီး အများပြည် သူ ၀န်ဆောင်မှု မီဒီယာ ဥပေဒကြမ်းအား ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားပြီး လာမည့်လွှတ်တော် တွင် တင်သွင်းသွားရန်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားမှု အခမ်းအနားအပြီး ယခုကဲ့သို့ တွေ့ဆုံ မှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အများပြည်သူ ၀န်ဆောင်မှု မီဒီယာနှင့် ပတ်သက်သည့် အခမ်းအနားတွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)က ယင်းဥပဒေကြမ်းသည် ဥပဒေပုံစံ မဟုတ်ဘဲ မိမိလိုအပ်ချက်များကို စုပေါင်းဖွဲ့စည်း ထားခြင်း ဖြစ်ပြီး ဥပဒေများကိုလည်း ထိခိုက်သည်ဟူသည့် အချက်အပါအ၀င် အချက်ကိုး ချက်ဖြင့် ထောက်ပြကန့်ကွက်ခဲ့ပြီး လွှတ်တော်ကော်မတီနှစ်ရပ်နှင့် တွေ့ဆုံစဉ်ကလည်း ယင်းအချက် ကိုးချက်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တင်ပြခဲ့သည်။
eleven media group
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။