/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 11, 2013

.

ရဲကိုဝိုင်းရိုက်ပြီးသေနတ်ကိုလုသွားတယ်

ပြီးခဲ့သောသင်္ကြန်ကာလက မော်လမြိုင်မြို့၊ရိုးဂိုးကျေးရွာရှိ““ပူ တူးတူးလေး””ရေကစားမဏ္ဍပ်၌လုံ ခြုံရေး တာဝန်ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်အချို့ကိုလက်နက်များ ကိုင်ဆောင်ထားသောလူငယ်တစ် စုက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုဖြစ်ပေါ် ခဲ့ပြီး အင်တာနက်သတင်းစာမျက် နှာများတွင် ထွက်ပေါ်ခဲ့သော သတင်းများမှာ မှန်ကန်မှုမရှိဘဲ နိုင်ငံရေးအရ လှုံ့ဆော်မှုများရှိနေ ပါသဖြင့်တာဝန်ရှိသူများထံမှ အောက်ပါ အတိုင်း သတင်းရရှိခဲ့ ပါသည်။


ဖြစ်စဉ်မှာဒိုင်းဝန်ကွင်းရဲ စခန်းမှဒုရဲအုပ်စိုးမြင့်သည်(၁၇.၄. ၂၀၁၃)တွင်စခန်းမှူး၏တာဝန် ပေးချက်အရ အခြားရဲဝန်ထမ်း များနှင့်အတူ““ပူတူးတူးလေး””ရေကစား မဏ္ဍပ်၌နံနက်ပိုင်းကတည်းက တာဝန်ထမ်းဆောင်နေစဉ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှရဲအုပ်မြင့်နိုင်ရောက် ရှိလာပြီးလုံခြုံရေးပူးပေါင်းဆောင် ရွက်ကြောင်း၊နေ့ခင်း(၂း၃၀)အချိန် ခန့်တွင်မဏ္ဍပ်ရှေ့၌ဆိုင်ကယ်များ ကြောင့်ယာဉ်ကြောပိတ်ဆို့နေ၍ သွားရောက်ရှင်းလင်းရာ အမည်း ရောင်အင်္ကျီအများဆုံးဝတ်ဆင် ထားသောဆိုင်ကယ်စီးလူငယ်အုပ် စုကိုတွေ့ရကြောင်း၊ထိုအုပ်စု လက်ထဲတွင် လက်နက်များနှင့် အတူအလံအနီရောင်များကို ကိုင်ဆောင်ထား သော ကြောင့် လက်နက်များမကိုင်ဆောင်ရန် ရဲအုပ်မြင့်နိုင်က ပြောပြီးပြန်လာ စဉ်လူငယ်အုပ်စုက ၀ိုင်းရိုက်နှက် ခဲ့ပြီးဒုရဲအုပ်စိုးမြင့်ထံထပ်မံသွား ရောက်ပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ ကြောင်းသိရသည်။

ယခုကဲ့သို့ ၀ိုင်းဝန်းရိုက်နှက် ခဲ့သောကြောင့် ရဲအုပ်မြင့်နိုင်တွင် ၀ဲဘက်ဦးခေါင်းနှင့်ယာဘက်ချိုး စောင်း၌ ပေါက်ပြဲဒဏ်ရာ၊၀ဲဘက် မျက်ခုံး၌ညိုမည်းဖူးရောင်ဒဏ်ရာ၊ ၀ဲဘက်လက်ညိုး၌ပေါက်ပြဲဒဏ်ရာ တို့ရရှိပြီး ဒုရဲအုပ်စိုးမြင့်တွင်ဦး ခေါင်းပေါက်ပြဲဖူးရောင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ပြီး တစ်ကိုယ် လုံး ဖူးရောင် ညိုမည်းဒဏ်ရာများ ရရှိခဲ့သည့်အပြင် ၎င်းတွင်ပါလာ သော စမစ်-V725463 ခြောက် လုံးပြူးသေနတ် မှာလည်းဝိုင်းဝန်းရိုက် နှက်စဉ်လုယူခံလိုက်ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး (၁၇.၄.၂၀၁၃)ရက်တွင်ရဲအုပ် မြင့်နိုင်နှင့်ဒုရဲအုပ်စိုးမြင့်တို့ကမုပွန် ရဲစခန်း၌ အမှု့ဖွင့်တိုင်ကြားခဲ့ရာ မုပွန်ရဲစခန်းက(ပ)၆၃/၂၀၁၃ လက်နတ်ဥပဒေပုဒ်မ၂(၁)(က)၊ (ပ)၆၄/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၃၂/၃၃၃ တို့ဖြင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရ သည်။

Credit : http://www.hotnewsweekly.com/archives/21778

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။