/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 11, 2013

.

အစိုးရတွင် ဘတ်ဂျက် မလုံလောက်သဖြင့် မြေနီကုန်းနှင့် မရမ်းကုန်း ရှစ်မိုင်တွင် ခုံးကျော်တံတား တည်ဆောက်ရန် အစီအစဉ် ရပ်ဆိုင်းထား



ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စမ်းချောင်း မြို့နယ် မြေနီကုန်းလမ်းဆုံနှင့် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတို့တွင်ခုံးကျော်တံတားတည်ဆောက် ရန် အစီ အစဉ် ရှိသော်လည်း ယခု အချိန် တွင် တည်ဆောက်ရန်အစီအစဉ်အားရပ်ဆိုင်းထားကြော င်း The Daily Eleven News သို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။ အဆိုပါ ခုံးကျော်တံ တားနှစ်စင်း တည်ဆောက်ရန် အစီအစဉ် ရပ်ဆိုင်းထားရသည့် အဓိက အကြောင်းရင်းမှာ ကုန်ကျနိုင် မည့် ငွေကြေးပမာဏသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနတွင် လုံလောက်စွာ မရှိခြင်းကြောင့်ဟု မြို့တော်ဝန်ထံမှ သိရှိရသည်။


ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ်ဂျက်မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံသွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို ခေတ္တရပ် ဆိုင်း ထား...

အစီအစဉ် ရပ်ဆိုင်းထားရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ''တံတားတည်ဆောက်တဲ့ အခါမှာ ကုန်ကျမယ့် စရိတ်က အရမ်းကို များပါတယ်။ ကုန်ကျမယ့် ပမာဏက ကျွန်တော်တို့ စည်ပင်ဌာနနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဘတ် ဂျက်မရှိဘူး။ ဒါပေမဲ့ ငွေကြေးစိုက်ထုတ်ပြီးတော့ ဆောက်မယ့် ကုမ္ပဏီရှိရင် စိစစ်ပြီးတော့ လက်ခံ သွားပါမယ်။ အခုအချိန်မှာတော့ တည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထားတယ်။ ဒါပေမဲ့ အကြာ ကြီးတော့ မဟုတ်ဘူး။ ပြည်ထောင်စု အဆင့်က ဘတ်ဂျက်ရရင်လည်း တည်ဆောက်ဖို့ စီစဉ်ထားပါ တယ်''ဟု ပြော ကြားခဲ့သည်။

ယခုအချိန်တွင် မြေနီကုန်းနှင့်မရမ်းကုန်းတို့၌ ခုံးကျော်တံတား တည်ဆောက်မှု ရပ်ဆိုင်းထားသော်လည်း တရုတ်ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းပြီး ဆာဗေးဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တည်ဆောက်နေသည့် ရွှေဂုံတိုင် ခုံးကျော်တံတားမှာ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ငြိစွန်းမှုများဖြစ်ပေါ်နေမှုကြောင့် မကြာခဏ ဒီဇိုင်းများ ပြန်လည်ရေးဆွဲ နေရသဖြင့် အချိန်ကြန့်ကြာ နေရသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်မှုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်ရန် စီစဉ်ထားသော်လည်း ၂၀၁၃ ခုနှစ်နှစ်ဝက်ပိုင်းအထိ တည်ဆောက်မှုမှာ ရာခိုင်နှုန်း အနည်းငယ်သာ ပြီးစီးနေသေးကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။