/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 11, 2013

.

မလေးရှားရောက် မြန်မာများ အကြမ်းဖက်ခံရမှု အလုပ်သမား ၀န်ကြီးဌာနမှ သွားရောက်ဖြေရှင်းပေးမည်



မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ အကြမ်းဖက် သတ်ဖြတ်ခံရနေ မှုအပေါ် အလုပ်သမား ၀န်ကြီးဌာနမှ မကြာမီ ကာ လအတွင်း သွားရောက် ကာ ပြဿနာများကို ဖြေ ရှင်းပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အ လုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အိမွန်စိုးက ဇွန် ၁၀ ရက် က ပြောကြားခဲ့သည်။ အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များဖြင့် ပါဝင် ဖွဲ့စည်းထားသည့် ပြည်ပအလုပ် လုပ်ကိုင်သူများ ကြီးကြပ်ရေး ကော်မတီအနေဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ကာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၊ မြန်မာအလုပ်သမား သံအရာရှိတို့နှင့် ပူးပေါင်း၍ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ပြုလုပ် သွားမည်ဟု သိရသည်။

မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှ စတင်၍ ဇွန် ၈ ရက်အထိ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မြန် မာလူမျိုး ခြောက်ဦးသေဆုံးကာ ၁၂ ဦးဆေးရုံတင်ထားရကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် တရား ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား သုံးသိန်းခန့်ရှိကာ တရားမ၀င် အလုပ်သ မား လေးသောင်းခန့် ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။