/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 11, 2013

.

စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားကုမ္ပဏီများ အကျိုးတူ ဆောင်ရွက်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများအတွက် ပို့ကုန်/သွင်းကုန်လိုင်စင် ကင်းလွတ်ခွင့်ပေး



စွမ်းအင် ၀န်ကြီးဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများ အကြား အကျိုးတူ ဆောင် ရွက်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းများ အတွက် ပို့ကုန်/သွင်းကုန် လိုင်စင်လျှောက်ထားခြင်း ကို ကင်း လွတ်ခွင့်ပေးကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။


ရေနံနှင့် သဘာဝဓာတ်ငွေ့ ဆိုင်ရာလုပ်ငန်းများ အတွက် စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများအား ပြည်ပမှ တင်သွင်းခြင်းနှင့် လုပ်ငန်းပြီးဆုံး၍ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းများအတွက် ပို့ကုန်/သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း သိရသည်။

ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့်လည်း ပို့ကုန်ပစ္စည်း ၁၅၂ မျိုး၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးတို့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် ပို့ကုန်၊ သွင်းကုန်လိုင်စင် လျှောက်ထားရယူရန် မလိုအပ်ဘဲ တင်ပို့တင်သွင်းခွင့် ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၁၆/ ၂၀၁၃ အရ သိရသည်။

ပို့ကုန်တင်ပို့သူများအတွက် တင်ပို့ခွင့် လိုင်စင်လျှောက်ထားရန် မလိုသည့် ကုန်စည်အချို့မှာ လယ်ယာ ထွက်ကုန် ပစ္စည်းများဖြစ်သည့် ပန်းပွင့်၊ ခရမ်းချဉ်သီး၊ မုန်လာဥ၊ ပဲမျိုးစုံဖြစ်သည့် စားတော်ပဲ၊ ကုလား ပဲဖြူလုံးကြီး၊ ပဲနီပြား၊ ထောပတ်ပဲ၊ သစ်တောထွက်ကုန်များ ဖြစ်သည့် ဂမုန်းဥ၊ ၀ါးကုန်ချောပစ္စည်း၊ မျစ်စို/မျစ်ခြောက် အစရှိသည်တို့ ဖြစ်ပြီး တင်သွင်းခွင့် လျှောက်ထားရန် မလိုသည့် ပစ္စည်းများတွင် လျှပ်စစ် ပစ္စည်း အပါအ၀င် အခြားကုန်စည်များ ပါဝင်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။