/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 4, 2013

.

မြန်မာငွေကျပ် အတုအစစ် ခွဲခြားနိုင်သော ငွေရေစက် တရုတ်နိုင်ငံမှ တင်သွင်း

မြန်မာကျပ်ငွေ သီးသန့်အတုအစစ် ခွဲခြားနိုင်သော ငွေရေစက် အမျိုးအစားသစ် တစ်ခုကို တရုတ်နိုင်ငံမှ တင်သွင်းထားကြောင်း အဆိုပါ ငွေရေစက်အား ကိုယ်စားလှယ် ရယူထားသူ T.LAND မှ ဒါရိုက်တာ ဒေါ် နန်းအေးအေးကြည်က ပြောသည်။ အဆိုပါ ငွေရေစက်သည် မြန်မာကျပ်ငွေသီးသန့် အတုအစစ် ခွဲခြား နိုင်ရန် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ငွေအတုအစစ် ခွဲခြားနိုင်ရုံသာမက ဆီပေခြင်း၊ သုံး၍ မရ ခြင်းနှင့် ငွေကြားညှပ် အသုံးပြုခြင်းကိုပါ စစ်ဆေးနိုင်ကြောင်း သိရသည်။


“မြန်မာငွေစက္ကူမှာက သံလိုက်စွမ်းအား မပါဘူး။ အတုအစစ်ခွဲခြားဖို့ အရမ်းခက်ခဲတယ်။ ဒီစက်က ခရမ်း လွန်ရောင်ခြည်ကို အခြေခံပြီး အတုအစစ် ခွဲခြားတယ်။ ဒီကဘဏ်တွေမှာ အသုံးပြုဖို့ အဓိက ရည်ရွယ်ပြီး တင်သွင်းလာတာပါ” ဟု ဒေါ်နန်းအေးအေးကြည်က ပြောသည်။ 

အထက်ပါ မြန်မာငွေရေစက်အား ယွင်လုံနှင့် T.LAND ကုမ္ပဏီတို့မှ တင်သွင်းခြင်းဖြစ်ပြီး မြန်မာဘာသာ ဖြင့် သတိပေးခြင်း၊ ငွေရေတွက်ပေးခြင်းနှင့် လိုအပ်သည့် ငွေပမာဏသာ ခွဲထုတ်ပေးခြင်းတို့ကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။ 

ကိုယ်စားလှယ် ရယူထားသော T.LAND ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်နန်းအေးအေးကြည်က ငွေကြားညှပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ “တစ်ထောင်တန်တွေထဲမှာ နှစ်ဆယ်တန် ညှပ်ထားတာတွေ၊ ငါးထောင်တန် တွေမှာ ငါးရာတန်ညှပ်ပြီး သုံးတာတွေကိုလဲ ဒီငွေရေစက်က ချက်ချင်း သတိပေးပါတယ်” ဟု ရှင်းပြသည်။

အထက်ပါ ငွေရေစက်နှင့် ပတ်သက်၍ ပြည်တွင်းတွင် လက်ရှိလည်ပတ်နေသော ကမ္ဘောဇဘဏ် လီမိတက် မှ တာဝန်ရှိသူတစ်ဦးက “ဒီစက်ရဲ့အသုံးဝင်ပုံကို လက်တွေ့ မစမ်းသပ်ကြည့်ရသေးတော့ ဘယ်လိုနေမှန်း မသိပါဘူး။ ဒီလို အတုအစစ် ခွဲခြားနိုင်မယ် ဆိုရင်တော့ အကျိုးရှိမှာပါ” ဟု သုံးသပ်ပြောကြားသည်။

မြန်မာကျပ်ငွေ တစ်ခုတည်းသာ အတုအစစ် ခွဲခြားနိုင်ရန်အတွက် အဓိက ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရပြီး နိုင်ငံတကာ ငွေကြေးများနှင့် ပတ်သက်၍လည်း သီးသန့် အသုံးပြုရမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၃ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။