/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 4, 2013

.

မိုးကြိုး မုန်တိုင်းကြောင့် လူသေဆုံး ဒဏ်ရာရ၊ ပျက်စီးမှုများရှိ

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက် ပိုင်း ဒေသများတွင် သုံးရက် အတွင်း မိုးကြိုးပစ်၍ လေပြင်း တိုက်ခတ် သော ကြောင့် လူသေဆုံးမှုနှင့် အတူပျက်စီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


ဧပြီ ၃၀ရက်မှ မေ၂ရက်အ တွင်း စစ်ကိုင်း၊မန္တလေး၊ မကွေးတိုင်း ဒေသ ကြီးနှင့် ကချင်၊ ရှမ်းပြည်နယ် တို့ တွင် မိုးကြိုးမုန်တိုင်းတိုက်ခတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့နယ် လယ်ပြင်ကျေုးရွာတွင် မေ ၁ ရက်က မိုးကြိုးထိမှန်၍ လူတစ်ဦး သေဆုံးခဲ့သည်။ 

သုံးရက်အတွင်း တိုက်ခတ် သော မိုးကြိုးမုန်တိုင်းကြောင့် အဆို ပါပြည်နယ်၊ တိုင်းဒေသကြီးငါးခု အတွင်း ရွှေကူ၊ မောက်မယ်၊ ထီးချိုင့် ၊ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်တို့ တွင် သာသနိကအဆောက်အအုံ၊ စာသင် ကျောင်းဆောင်အချို့နှင့် လူနေအိမ်ခြေအများစု ပြိုကျပျက်စီးခဲ့ရ ကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ် ရေးမှူးရုံးများမှ သတင်းရရှိ သည်။

ရွှေဘိုမြို့နယ်၊ မင်းရွှာရှိကျ မောက်ကျလံစေတီတော်နှင့် မုံရွာ မြို့နယ်ထန်းတောရပ်ကွက်ရှိ နန်းဦး စေတီတော် တို့မှာ မေလ ၁ ရက်၊ ၂ ရက်တို့တွင်တိုက်ခတ်သောလေပြင်းမုန်တိုင်းကြောင့် ထီးတော်မြေခ ခဲ့ရ သည်။ ၀က်လက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ ကျော်တွင်လည်း လေပြင်းဒဏ်ကြောင့် လူနေအိမ် အများစု ပြိုကျပျက်စီးခဲ့ရပြီး သစ်ပင်ပိ၍ နွားတစ်ကောင်သေဆုံးခဲ့ရသည်။လူအချို့ဒဏ်ရာရပြီး သက်ဆိုင် ရာမြို့နယ်ဆေးရုံများ၌ တက်ရောက် ကုသနေရကြောင်း သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မိုးကြိုးထိမှန်၍ သေဆုံးသော အင်းတော်မြို့နယ်ရှိ ရွာသားတစ်ဦး သေဆုံးမှုအပါအ၀င် ယခုနှစ် မိုးကြိုး ကာလတွင် မိုးကြိုးကြောင့် သေဆုံးသူ ၁၀ ဦးအထိ ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန် သော စာရင်းအရ သိရသည်။

မိုးတိမ်တောင်ရာသီဥတုဖြစ် စဉ်ကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်းတို့သည် မိုးကာလ မရောက်မီ မေလဆန်းအထိ ဆက်လက် ဖြစ်ပေါ်နေမည်ဖြစ်ပြီး တစ်နေကုန်ပူပြင်း၍ ညနေစောင်းတွင် ရုတ်တရက် လေပြင်းတိုက်ခတ်ပါက မိုးကြိုးပစ်မည့် အန္တရာယ်အလွန် များသောကြောင့် ယင်းအချိန်ကို သတိနှင့်နေရန်လိုအပ်ကြောင်း မိုး လေ၀သ ပညာရှင် ဦးထွန်းလွင်က ပြောသည်။

“မိုးကြိုးပစ်သံကြားရင် ကြားတဲ့သူဟာ မိုးကြိုးစက်ကွင်းနှင့်လေးမိုင် ပဲဝေးကွာတယ်။ အဲဒီအချိန်မျိုးမှာ ကွင်းပြင်တွေမှာမနေဖို့ နဲ့သံလိုက် လှိုင်းပါတဲ့ ဖုန်းလို၊ ရေဒီယိုလို ပစ္စည်းမျိုးကို ဖွင့်မထားဖို့လိုအပ်ပါတယ်”၎င်းကပြောသည်။

ယခုနှစ်ကာလတွင်မိုးကြိုးထိမှန်မှုကြောင့် သေဆုံးသူ ကချင်ပြည်နယ်တွင် ခုနစ်ဦး၊ ကချင်ပြည်နယ်၊ မန္တ လေး တိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် တစ်ဦးစီ စုစုပေါင်း ၁၀ ဦးရှိပြီးဖြစ်သည်။

ဓာတ်ပုံ- မျိုးမင်းဦး
7Day News 

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။