/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 4, 2013

.

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ထပ်မံဆွေးနွေးမည်

လက်ရှိနိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရေး အ တွက် ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားစိစစ် ရေးကော်မတီမှ ၈၈ မျိုးဆက် ကျောင်းသားကိုကိုကြီးကပြောကြား ရာ တွင် “အခုလွှတ်လိုက်တဲ့အထဲ မှာ တင်တဲ့စာရင်းနဲ့ လွှတ်တဲ့စာရင်း ကကွာခြင်းမှုရှိနေတယ်။ သူတို့ တွေကိုတော့ ဘာကြောင့်လွှတ် တယ်။ သူတို့တွေ ကိုကြတော့ဘာကြောင့် ကျန်တယ်ဆိုတာကို ဆွေးနွေးမှုတွေလုပ်ရမယ်။ နောက်တစ်ခုက နိုင်ငံရေး၊ အကျဉ်း သားတွေကို လွှတ်တဲ့နေရာမှာ ပေတံတစ်ခု၊ မူဝါဒတစ်ခုရှိဖို့လိုနေပြီ” ဟု ပြောကြားခဲ့သည်။

နောက်တစ်ခေါက်နိုင်ငံရေး၊ အကျဉ်းသားစိစစ်မှုတွင် ပုဒ်မကို မကြည်ဘဲ။ နိုင်ငံရေးဆောင်ရွက် ချက်ကိုကြည့်၍ သီးခြားခွဲဖို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုကိုကြီးကဆက်လက်ပြောသည်။ “ကျန်တဲ့နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်တာတော့လွှတ်မှာပါ။ တကယ်နိုင်ငံရေး၊ အကျဉ်းသား၊ စိစစ်ဖို့ကိစ္စက အရေး ပါတဲ့ အဆင့် ဆုံးဖြတ်ရဦးမယ်။ နိုင်ငံရေး အကျဉ်သားဆိုတာဘယ်သူတွေ လဲ။ ဘယ်ပုဒ်မတွေလဲအဓိက ဖမ်းခံရတာနိုင်ငံရေးနဲ့ ဖမ်းခံရ တယ်။ ဒါပေမဲ့ သူတို့ကိုပုဒ်မနဲ့ မကြည့်ဘဲနဲ့ သူတို့ရဲ့နိုင်ငံရေး ဆောင်ရွက် ချက်၊ တခြားပုဒ်မ တွေနဲ့ စွပ်စွဲခံရသူတွေကိုသီးခြား ခွဲထုတ်ဖို့လိုမယ်”ဟု ၎င်းကပြော ကြားခဲ့သည်။

Credit : Here

1 comment:

  1. အားလုံးလွပ်ပေးစေချင်တယ်ဒါအမှန်ပါဒါပေမဲမင်းတို့နှစ်ယောက်အတွက်တက်ကူတွေကိုတော့လွပ် မ ပေးစေချင် ဘူး ၈၈မင်းတို့နှစ်ကောင်ကကိုယ့်လူမျိုးကို ဘာတွေလုပပြီလဲထောင် ထည်းမှာနေတုံးကမင်းတို့လေးစာသလို2အခုတော့မင်းတို့လဲဘာထူးလဲဝါးတက်နေပြီကိုငါပြောချင်တာက၈၈အမည်ခံမင်းတို့နစ်ယောက်ကနှစ်ဘက်ချွန်တွေပဲ

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။