/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 4, 2013

.

ကျောက်ပန်းတောင်းဒေသ ရေရှားပါး၍ ရွာ ၅၀ အတွက် စက်ရေတွင်းများ လိုအပ်နေ

ကျာက်ပန်းတောင်းမြို့နယ် တဝိုက်ရှိ ရွာပေါင်း ၃၀၀ ကျော်အနက် ၅၀ ကျော်ခန့်မှာ ရေရှားပါးမှု ပြဿနာ များနှင့် ဆိုးရွားစွာ ကြုံတွေ့နေရပြီး စက်ရေတွင်း ထပ်မံ တူးဖော်ရန် လိုအပ်နေ သည်ဟု ကျောက်ပန်း တောင်းမြို့တဝိုက် ရေလှူဒါန်းရေး အသင်းက ဆိုသည်။


အဆိုပါ ရွာ ၅၀ ခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုကြောင့် လာရောက် လှူဒါန်းသော ရေများကိုသာ အသုံး ပြုနေရပြီး လုံလောက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။

ထိုဒေသတဝိုက်ရှိ ရွာများမှာ ယခင်နှစ်များက မိုးရာသီတွင် ရေများ သိုလှောင်ကာ ရေရှားပါးသော အချိန် တွင် သိုလှောင်ရေများကို အသုံးပြုကြသည်။ လက်ရှိ အခြေအနေတွင် ရေကန်ကြီးများ မရှိ၍ ရေအဝင် နည်းကာ မိုးရာသီလွန်သည်နှင့် ရေရှားပါးလာသည်ဟု ရေလှူဒါန်းရေးအဖွဲ့မှ ကိုမျိုးကိုကို က ဆိုသည်။

“ကျနော်တို့နယ် ပတ်ဝန်းကျင်မှာ မိုးလွန်တာနဲ့ ရေရှားပြီ လှောင်ထားတဲ့ရေလည်း နည်းတော့ အခုဆို လုံးဝ ပြတ်နေပြီ။ အဲဒီအခြေအနေတွေကြောင့် အခု မြို့ပတ်ဝန်းကျင်တဝိုက်မှာ ရှိတဲ့ ရွာတွေကို သောက်သုံး ရေတွေ လှူနေရတယ်။ ကျနော့်အမြင်ကတော့ အခု ကြုံနေရတဲ့ ပြဿနာတွေ အဆင်ပြေဖို့ စက်ရေ တွင်းတွေ တူးမှ အဆင်ပြေမယ်။ ဒါပေမယ့် စက်ယန္တရားတွေက မလုံလောက်ပြန်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် စည်ပင်မှ သောက်သုံးရေပြတ်လပ်နေသည့် ရွာ ၅၀ ခန့်တွင် စက်ရေတွင်း ၄၀ ကျော်ခန့် ထပ်မံ တပ်ဆင်ပေးရန် အစီအစဉ်ရှိသည်ဟု ကိုဖြိုး ထံမှ သိရသည်။

ရေရှားပါးမှုမှာ မြို့ပေါ်တွင် ကြုံတွေ့ရခြင်းမရှိသေးသော်လည်း ယခုနှစ်မိုးရာသီတွင် မိုးခေါင်မှု ဖြစ်ပေါ်ပါက ရှားမည့်အနေအထား ကြုံတွေ့နိုင်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

လက်ရှိတွင်လည်း အင်ဂျင်နီယာများအား ရွာအလိုက် တာဝန်များ ခွဲချခြင်းမျိုးများ ရှိနေသည်။ 

အစိုးရက စက်ရေတွင်းများ တူးပေးခဲ့ဖူးသော်လည်း ထွက်လာသော ရေများမှာ သံချေးရေနှင့် ရေငန်များ ဖြစ်နေ၍ အသုံးမတည့်ကြောင်း ဒေသခံများက ဆိုသည်။ 

ယခုနှစ်တွင် ကန်ရေများ ခြောက်ခန်းသွား ခြင်းနှင့် တူးပြီး စက်ရေတွင်း အချို့မှ စက်များ ပျက်နေ၍ အခြေ အနေ ပိုမိုဆိုးရွားရကြောင်း ဒေသခံ ကိုမင်းမင်း က ဆိုသည်။

မဇ္ဈိမ 

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။