/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Saturday, May 4, 2013

.

အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်ဆောင်ခြင်း မပြုရန် အာဏာရပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ခိုင်ဖြိုး ပါတီဝင်များအား သတိပေး

ပါတီဝင်များ အနေဖြင့် အပြောတစ်မျိုး အလုပ် တစ်မျိုး လုပ်ဆောင်ခြင်း မပြုဘဲ ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ရန် လိုအပ်ကြောင်း အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေ ၁ ရက်တွင် ကျင်းပသည့် ပါတီ ၏ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စွမ်းရည် မြှင့်တင် ရေး အဖွဲ့များ ဖွဲ့စည်းရေး အခမ်းအနား၌ ပြော သည်။


ဒီမိုကရေစီစနစ် အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် ဈေးကွက်စီးပွားရေး စနစ်ဖြင့် တိုင်းပြည် တိုးတက်စေရန်အတွက် ဈေးကွက်စီးပွားရေး စနစ်တွင်လည်း မညီမျှဘဲ လက်သင့်ရာ ခေါ်ဆောင်နေ မှုများကိုလည်း မလုပ်ဆောင်သင့်တော့ကြောင်း၊ ပါတီ၏ လုပ်ဆောင်ချက်များသည် ထင်သာမြင်သာရှိရန် လိုအပ်ကြောင်း၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဆိုပါက ပြည်သူတွေ၏ ယုံကြည်မှု မရရှိနိုင်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

ဈေးကွက်စီးပွားရေး စနစ်တွင်လည်း မညီမျှဘဲ လက်သင့်ရာ ခေါ်ဆောင်နေမှုများကိုလည်း မလုပ်ဆောင် သင့်တော့ကြောင်း . . . . .

"ပါတီဝင်တွေ အနေနဲ့ လုပ်ဆောင်တဲ့ လုပ်ငန်းတွေမှာ ထင်သာမြင်သာ ရှိရမယ်။ ပြည်သူတွေနဲ့ မီဒီယာ တွေရဲ့ ဝေဖန်ထောက်ပြမှုတွေကိုလည်း ခံနိုင်ရမယ်။ တာဝန်ခံမှုတွေ ရှိရမယ်။ အာဏာရှင် ဆန်ဆန်တွေ လုပ်လို့မရတော့ဘူး။ ပါတီတွင်းမှာလည်း ဒီမိုကရေစီစနစ် ရှင်သန်အောင် လုပ်ဆောင်ရမယ်။ တင်ပြတာ၊ ဆွေးနွေးတာတွေကို လက်ခံရမယ်။ သိပြီးသား ဆိုတာမျိုးတွေကို ရပ်တန်းက ရပ်သင့်ပြီ" ဟု သူရဦးရွှေမန်း က ပြောသည်။

ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်မှာ ယခုအချိန်သည် အကောင်းဆုံးဖြစ်ကြောင်း၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ယခင်ကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်ရန် လိုအပ် ကြောင်း သူရဦးရွှေမန်းက ပြောသည်။

"ဒီပါတီကြီး ဖွဲ့စည်းပြီး ရှင်သန်နိုင်အောင် အရင်အစိုးရ အဆက်ဆက် ဦးဆောင်ဦးရွက်ပြုပြီး ထောက်ပံ့မှု တွေ ပေးခဲ့ပါတယ်။ ကိုယ့်ပါတီက သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်လို့ ပြည်သူတွေရဲ့ အကျိုးကို ဖြည့် ဆည်းပေးနိုင်ဖို့ အကောင်းဆုံး အချိန်ပဲ ဖြစ်တယ်" ဟု သူရဦးရွှေမန်းက ပြောသည်။

၎င်းသည် ပါတီဥက္ကဋ္ဌအဖြစ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ပထမအကြိမ် ကျင်းပ သည့် ပါတီညီလာခံအပြီး ရက်ပိုင်းအတွင်းမှစ၍ တာဝန်ယူ ဆောင်ရွက်နေကြောင်း သူရဦးရွှေမန်းက သတင်းထောက်များအား ပြောသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင် ပြည်နယ်) ဥက္ကဋ္ဌ ဦးခက်ထိန်နန်အား နှုတ်ဆက်စဉ်

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။