/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 24, 2013

.

မြန်မာအသင်း ပါလက်စတိုင်းကို ၉ ဂိုး သွင်း



မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း အမျိုးသမီးအသင်းကို ၉ ဂိုး - ဂိုးမရှိနဲ့ နိုင် သွား တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အွန်လိုင်းမှာ ရေးထားပါတယ်။


"ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့် တင်းမှု ရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ" လို့ အဲဒီမှာ ရေးပါတယ်။

မနက်ဖြန် ထိုင်ဝမ်ကိုနိုင်ရင် မြန်မာအသင်း အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်တွေကို တက်မယ်လို့ သိရ ပါတယ်။

ပါလက်စတိုင်း ခြေစွမ်း နဲ့ သူ့ပရိသတ်

၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုပွဲတွေ ပါလက်စတိုင်းမှာ ကန်နေတာပါ။ ဆိုခဲ့သလိုပဲ အိမ်ရှင်အသင်းက ခြေစွမ်း အားနည်းပါတယ်။ သူတို့ဆီမှာ လူဦးရေနည်းပါးတဲ့အတွက် ဘောလုံး ဝါသနာပါသူ၊ ကစားလိုသူ နည်းပါးတာကြောင့် ဒီလိုအခြေအနေ ဖြစ်နေပုံပါပဲ။ ကန်သူ နည်းတဲ့အပြင် ဘောလုံးပွဲကြည့်သူလည်း နည်းပါတယ်။ အထူးတန်းပွဲကြည့်စင်မှာပဲ လူခပ်ကျဲကျဲ ရှိနေတာကို ဓာတ်ပုံများ ထဲ တွေ့ရမှာပါ။

ဒါတောင်မှ ကိုယ့်အသင်းကန်တဲ့အခြေအနေပါ။ ကိုယ့်အသင်း မပါတဲ့ပွဲတွေဆိုရင် ပရိသတ်အရေအတွက် ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းကြည့်ပါတော့။ အထူးတန်းပွဲကြည့်စင်မှာ ရှိတဲ့ ပရိသတ် နည်းနည်း လေးဟာ ပါလက်စတိုင်း ပရိသတ်မဟုတ်ဘဲ ထိုင်ဝမ်၊ အိန္ဒိယအသင်းက ကစားသမားတွေ၊ နည်းပြတွေ လည်း ဖြစ်နိုင်ပါတယ်။

ဂိုးမိုး

မြန်မာအသင်းနည်းပြက သူ့ကစားသမားတွေဟာ ပါလက်စတိုင်းကို ၆ ဂိုး ထည့်မယ်လို့ ကြုံးဝါးခဲ့တာ ဒီလိုအခြေအနေတွေကို သိလို့ ပြောရဲဆိုရဲခဲ့တာဖြစ်ပါလိမ့်မယ်။ အခုတော့ ၉ ဂိုး ထည့်လိုက်ပါပြီ။

ဗုဒ္ဓဟူးနေ့ကလည်း ထိုင်ဝမ်အသင်းက ပါလက်စတိုင်းကို ၆ ဂိုး ထည့်ခဲ့ပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။