/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 24, 2013

.

သမ္မတ ပြောကြားခဲ့ခြင်းအပေါ် ကျေနပ်မှု မရှိ၍ ဆန္ဒထုတ်ဖော်



23.5.2013

ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန် နှင့် အခ ကြေးငွေယူ၍ ဆန္ဒထုတ်ဖော်သည်ဟု သမ္မတမှ ပြောကြားခဲ့သည့်အပေါ် ကျေနပ်မှုမရှိသဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်တွင် လူဦးရေ ၂၀ ခန့် စီတန်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


“ဒီနေ့ ဆန္ဒထုတ်ဖော်ရတာက သမ္မတကြီးက အမေ ရိကန် ခရီးစဉ်မှာ ဆန္ဒထုတ်ဖော်သူတွေက ၃၀၀၀ ၊ ၅၀၀၀ ရလို့ ဆန္ဒထုတ်ဖော် ကြတာလို့ ပြောခဲ့တယ် ၊ အဲ့ဒီအချက်ကို မကျေနပ်လို့ ဆန္ဒထုတ်ဖော်တာပါ ဟု” ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်သူ နော်အုန်းလှ က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင် လျှောက်ထားမှု မရှိဟု ၄င်းက ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်  မြို့နယ် ၊ ပုဇွန်တောင် မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်များသို့ စီတန်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

(မှတ်တမ်း-ဓာတ်ပုံများ)







Credit : http://www.sawkyawoo.com/2013/05/blog-post_1960.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။