/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 24, 2013

.

၃၀၀၀ကျပ် နေ့စား ဆန္ဒပြသမား နော်အုန်းလှနှင့်အဖွဲ့အားဖြတ်သန်း မြို့နယ်များမှ အရေးယူ



ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း ပြု မည်ဟု သတင်းရရှိ သဖြင့် သက်ဆိုင်ရာ မြို့နယ်မှူး များမှ နော်အုန်းလှနှင့်အဖွဲ့အား ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းရန်နှင့် ခွင့်ပြုချက်တောင်းခံပါက ခွင့်ပြုမည်ဖြစ်ကြောင်း ပြောသော်လည်း ၄င်းတို့အဖွဲ့ အနေဖြင့် ဒီမိုကရေစီလမ်းစဉ်အား စည်းကမ်းရှိရှိ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဆောင်ရွက်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်လပ်စွာ ဆောင် ရွက် သင့်သော်လည်း ဥပဒေနှင့်အညီ ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်းမရှိဘဲ စီတန်း လှည့်လည် ခြင်းမပြုရန် သက်ဆိုင်ရာမြို့ နယ် ရဲတပ်ဖွဲ့မှူးများ တားဆီးသော်လည်း စီတန်းလှည့်လည်ခြင်းအား ဆက်စပ်မြို့နယ်များကို ဖြတ်သန်းဆောင်ရွက်သဖြင့် တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတားမြို့ နယ်များမှ အောက်ပါအတိုင်း အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါ သည် -


(၁) တာမွေရဲစခန်း (ပ) ၂၁၅/၁၃ ၊ ပုဒ်မ ၁၈
(၂) မင်္ဂလာတောင်ညွှန့်ရဲစခန်း (ပ) ၃၇၄/၁၃ ၊ ပုဒ်မ ၁၈
(၃) ပုဇွန်တောင်ရဲစခန်း (ပ) ၁၀၀/၁၃ ၊ ပုဒ်မ ၁၈
(၄) ဗိုလ်တထောင်ရဲစခန်း (ပ) ၁၀၀/၁၃ ၊ ပုဒ်မ ၁၈
(၅) ကျောက်တံတားရဲစခန်း (ပ) ၁၈၇/၁၃ ၊ ပုဒ်မ ၁၈

https://www.facebook.com/yangonpolice

ဓာတ်ပုံ- အချုပ်ကားပေါ်ရောက် ထောင်ကျလျှင် ပြုံးပျော်ရသည့် နော်အုံးလှ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။