/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 24, 2013

.

ရှစ်လေးလုံး ငွေရတုမှာ ပြည်တွင်း - ပြည်ပနိုင်ငံရေး အင်အားစုတွေ တွေ့ဆုံဆွေးနွေးကြမည်

ရန်ကုန် ။ မေ ၂၃

ရှစ်လေးလုံးအရေးတော်ပုံ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားအား၈၈ မျိုးဆက် ပြည်တွင်းပြည်ပ တိုင်းရင်း သား ညီအစ်ကို မောင်နှမ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်တစ်စောင်ကို ၈၈ အရေး တော်ပုံမှ ပေါက်ဖွားလားသော ကျောင်းသားအဖွဲ့အစည်းများက ပူးတွဲထုတ်ပြန်လိုက်ကြောင်းသိရသည်။


ယင်းဖိတ်ခေါ်ချက်အား ၈၈ အရေးတော်ပုံမှ ပေါက်ဖွားလားသော မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦး၊ ၈၈မျိုးဆက်ကျောင်းသားများ( ယခု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့ အဖွဲ့အစည်း) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၅ နှစ်ပြည့်ငွေရတုတွင် အနာဂတ် မြန်မာနိုင်ငံတော်၏ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက်၈၈ မျိုးဆက် ပြည်တွင်းပြည်ပမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ဒီမိုကရေစီအင်အားစုများ အားလုံးစုစည်းညီညွတ်စွာဖြင့်တွေ့ဆုံဆွေးနွေးနိုင်ရန်စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ယင်းအတွက် နိုင်ငံရေးအနှစ်သာရပြည့်ဝစွာ စုစည်းညီညွတ်စွာဖြင့် ပူးပေါင်းပါဝင်ဆက်သွယ်ကြရန်ဖိတ်ခေါ် ထားခြင်းဖြစ်ကြောင်းသိရသည်။


Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။