/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ
Sunday, June 23, 2013
.
ဒကာမကြီးဒေါ်ရွှေဇီးကွက်သို့..အိပ်ဖွင့်ပေးစာ
အမျိုးစောင့်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ကန့်ကွက် ပြောဆိုတဲ့ ဒကာမကြီးရဲ့ ပြောစကားကို နား ထောင်ရပါတယ်။ ဥပဒေကြမ်းတခုကို ကိုယ် မကြိုက်ရင် မကြိုက်တဲ့အကြောင်းကို တရားဝင် ပြောဆိုခွင့်ရှိပါတယ်။ ဒါ ဒီမိုကရေစီ အလေ့ အထပါပဲ။ ဒါပေမဲ့ ’’သံဃာ မှိုင်းတိုက်ခံနေရတာ ကြာပါပြီ’’ ဆိုတာဟာ သံဃာထုအားလုံးကို စော်ကားတဲ့ စကားလုံးပါပဲ။ ဒကာမကြီးပြောတဲ့ ဒီစကားဟာ သံဃာထုကို အပုတ်ချစော်ကားတဲ့ စကားလုံးဆိုတာ စဉ်းစားမိရဲ့လား။
နောက်ပြီး တစ်ဖက်ကို အပုတ်ချပြီး ကိုယ့်ဘက်ပါအောင် စွဲဆောင်တာဟာ လူ့အခွင့်အရေးလား။ ဒီမိုကရေစီကို ဒီလိုပဲ အဓိပ္ပါယ်ဖွင့်သလား။ ဦးဇင်းနားလည်ထားတာက ဒီမိုကရေစီဆိုတာ တရားသဖြင့် ယှဉ်ပြိုင်တာပဲ။ အဲဒီတော့ တဖက်ကလည်း သူတို့ယုံကြည်ရာကို သူတို့ချပြခွင့် ရှိတာပဲ။ ဒါကို လေးစားရမယ်။ ဒါ မင်းမဲ့စရိုက်တွေ လုပ်နေတာမဟုတ်ဘူး။ ဒုစရိုက်မှုတွေ လုပ်နေတာမဟုတ်ဘူး။ သူ့လမ်းကြောင်းနဲ့သူ လုပ်နေသမျှ ဒါ သဘာဝကျတယ်။ ဒါဟာ ဒီမိုကရေစီပဲလေ။ ကိုယ်မကြိုက်ရင် တရားမျှတစွာ ကန့်ကွက်ပေါ့။ ဒီ ဥပဒေကြမ်းကို ဦးဇင်းလည်း မကြိုက်လို့ ကိုယ်မကြိုက်တဲ့အကြောင်း ဦးဇင်းကိုယ်တိုင် ဖွင့်ထားတဲ့ “အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူများအား ဖိတ်ခေါ်ခြင်း’’ဆိုတဲ့ ပေ့မှာ ဝင်ရေးခဲ့ပြီးပြီ။ ကိုယ်မကြိုက်လို့ ဘယ်ပုဂ္ဂိုလ် ဂိုဏ်းဂဏကိုမှ စွပ်စွဲစရာ မလိုဘူး။
အမျိုးသမီးတိုင်း ဒီမျိုးစောင့်ဥပဒေကို မကြိုက်ဖူးလား။ ဒကာမကြီးသိမှာပါလေ။ ကြိုက်တဲ့သူတွေကို ဒကာမကြီး ဘယ်လို သဘောထားမလဲ။ သံဃာတွေ မှိုင်းတိုက်ခံရတဲ့ အမျိုးသမီးတွေလို့ ပြောဦးမှာလား။ သူတို့က လူတွေ မဟုတ်ဘူးလား။ သူတို့က အမျိုးသမီးတွေ မဟုတ်ဘူးလား။ သူတို့က နိုင်ငံသားတွေ မဟုတ်ဘူးလား။ သူတိုရဲ့ သဘောထားကိုရော မလေးစားဘူးလား။
အဲဒီတော့ ဒီဥပဒေကြမ်းကို ကြိုက်သူတွေရော မကြိုက်သူတွေရော ရှိနေတာ သေချာသွားပြီ။ တစ်ဘက်နဲ့တစ်ဘက် အပုတ်ချစွပ်စွဲပြောဆိုနေတာဟာ သိက္ခာကျပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ကြပေါ့။ ဒါ ဒီမိုကရေစီပဲ။ ဒါ သူ့ အခွင့်အရေးပဲ။ ဒါ လူ့အခွင့်အရေးပဲ။ ဒါ နိုင်ငံသားတိုင်း အခွင့်အရေးပဲ။
ကဲ ဒီလိုဆို ဒီမိုကရေစီ အလေ့အထ ထူထောင်ကြစို့။ ဒီမိုကရေစီထုံးစံအတိုင်း တရားဝင် မဲခွဲဆုံးဖြတ်ကြစို့။
ဦးဝီရသူတို့က အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းဖို့ စည်းရုံးနေကြပြီ။ သူတို့ ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ဖို့ သူတို့ ကျိုးစားနေကြပြီ။ ဒါ သူတို့ရဲ့ ဒီမိုကရေစီပဲ။
ဒကာမကြီးတို့က ကိုယ်မကြိုက်တဲ့ ဥပဒေကို ပါးစပ်က မကြိုက်ဘူးလို့ အော်နေရုံနဲ့ မပြီးဘူး။ ဒကာမကြီးတို့ ကိုယ်တိုင် စည်းရုံးကြလေ။ ဒါ ဒကာမကြီးတို့ ဒီမိုကရေစီပဲ။
ဒီလို တရားဝင် ယှဉ်ပြိုင်တဲ့အခါ အမျိုးစောင့်ဥပဒေကို ကြိုက်သူများလို့ တရားဝင်ပြဋ္ဌာန်းရင် မပြဋ္ဌာန်းလိုသူ တွေက ဒီဥပဒေကို လေးစားလိုက်နာကြစို့။
ဒီဥပဒေကို မကြိုက်သူများလို့ ကျရှုံးသွားရင် ပြဋ္ဌာန်းလိုသူတွေက လေးလေးစားစား ကျေကျေနပ်နပ် လက်ခံ ကြစို့။
ငါလုပ်နိုင်တယ် ဆိုတဲ့မာနနဲ့ ငါ့စကားနွားရ မဆိုင်တဲ့ အပိုစကားတွေ ပြောဆိုပြီး သံဃာထုကို အပုတ်ချ နေတာက ဒီမိုကရေစီ မဟုတ်ဘူး။
Ashin Ponnyavamsa
ဦးနရပတိ ဆရာတော် 
Credit : http://mixgawli.blogspot.com/2013/06/blog-post_3440.html
9 comments:
  1. ဟိုကောင် ဟောင်တိုင်းထမကြည့်န
    ReplyDelete
  2. ကျွုပ်ကတော့ ဘုန်းကြီးတွေသာသနာ့အလုပ်တွေဘဲလုပ်စေချင်တယ်။
    သံသ၇ာ ကလွှတ်ဖို့တ၇ားကျင့် တ၇ားပြဖို့ဘု၇ားကသူကိုယ်တိုင်
    လမ်းပြခဲ့တာ။လွယ်လွယ်လေး၇ယ် နိင်ငံေ၇းလုပ်ချင်၇င် လူထွက်ပြီးလုပ်။သည်နိင်ငံမှာ ပါတီထောင်၇တာ ဆွမ်းလောင်းအသင်း
    ထောင်၇တာထက် လွယ်တယ်။မြတ်စွာဘု၇ား၇ဲ့မွန်မြတ်တဲ့ သာသနာကို အ၇ှုပ်အထုပ်တွေကြောင့် သူများကအထင်သေးတာတော့မခံနိင်ဘူး။သောတာပန် ဖြစ် အောင်
    အ၇ိယာဖြစ်အောင် ကျင့်ပြီးတပည့်တော်တို့ကိုလည်းပြန်ဟောပြလေ။
    ဒါကာတွေ၇ဲ့ ဆွမ်းကို အကျိုး၇ှိအောင်မစား၇င် သံထွေခဲ မျို ၇သလို
    ဘဲဆို။ဉီးဉတ္တမ ကစမှားတာ။လယ်တီဆ၇ာတော်ကြီးတို့။မိုးကုတ်။မဟာစည်။သဲအင်းဂူ။မဟာဗေါဓိမြိုင် ဆ၇ာတောမကြီးတွေ နိင်ငံေ၇းမလုပ်ပါဘူး။အ၇ိယာကြီးတွေကိုတော့ အားမကျဘဲ လုပ်၇ကောင်းမှန်းမသိဘဲ နေတာတော့ ဘု၇ားအားနာဖို့ကောင်းပါတယ်။နိင်ငံေ၇းလူလည်ကြီးတွေကြားထဲမှာ
    ညပ်ပါနေမှာ မြင်ယောင်သေးတော့။
    ReplyDelete
    Replies
    1. anonymous မင်းကအဲလိုပြောတာ မင်နှမ ယောက်ကျား ဘာသာခြားမို့လို့လား ခွေးမသား သံဃာကိုမ စော်ကားနဲ့ မင်းထက်သိတယ် မင်းထက်တတ်တယ် မင်းထက်လည်းနားလည်တယ် ဘာသာနဲ့လူမျိုးကို အဲလိုမှ ဥပ ဒေထုတ်မကာကွယ် ရင် မြန်မာလူမျိုး ဗုဒ္ဓ ဘာသာပြောက်မှာကွ သိရဲ့လား ခွေးမသား မင်းအသိနှမ်းစိလောက်လေးနဲ့ နောက်တစ်ခါသံဃာကိုစော်ကားရင် မင်းသေဖို့သာပြင်
      Delete
    2. မင်းတို့ငါတို့မလုပ်ဆောက်သုံးမကျလို့ဆရာတွေကလုပ်နေရတာကွကိုလဲမလုပ်နိုင် ပဲနဲဒီလိုမ ဆော်ကားရဘူးအင်္ဂလိပ် ခတ်ကဦးဥုတ္တမ ရောမင်းဘာပြေားချင်သေးလဲအမျိုးသားရေးစိတ်မအေးရှာလို့လုပ် တာပေါ့ကွအဒိက က တော့မင်းလိုအမျိုးသားရေးစိတ်မရှိလို့လုပ် ရကွမင်းလိုကောင်တွေများလို့က တော့အခုလောက်ဆိုငါတိုင်းပြည်လခွမ်ဆောင်းနေရပြီငါတို့မ ဆောင်းနိုင်းဘူးဟေေ မင်းက ဆောင်းပေါ့ကွာအမျိုးမချစ်အမျိုးမစစ်ကောင် :0
      Delete
  3. အပေါာဆုံးကမျိုးယုတ်ကောင်မစော်ကားနဲ့။ငါတို့ဗမာတွေ
    အကုန် ထောက်ခံတယ် ရှင်းလား။ သေချာတာတော့ မင်း
    က ၇၈၆ပဲဖြစ်မယ်။မဆိုင်ရင်အေးဆေးနေ လာမဆွပေးနဲ့။
    ReplyDelete
  4. ရွှေဇီးကွက်ကိုပြောခြင်တယ် ခင်ဗျားစာကိုများများဖတ် ပြီးတော့မှစကားပြော အဲ့ဒါမှ အမှားမပါမှာ
    ReplyDelete
  5. ရွှေဇီးကွက်ကိုပြောခြင်တယ် ခင်ဗျားစာများများဖတ် ပြီးတော့မှစားပြောအဲ့ဒါမှအမှားမပါမှာ...
    ReplyDelete
  6. ၉၆၉ကို ထောက်ခံတဲ့ဘော်ဒါတွေ အကုန်လုံးကို လေးစားမိပါတယ်။
    ၉၆၉ကို ဝေဖန်တဲ့ကောင်တွေက များသောအားဖြင့်စကောလောက်တောင် စောက်မနက်တဲ့ ဥာဏ်ရည်မမှီတဲ့ ကောင်တွေနဲ့ မူဆလိင်တွေများပါတယ်။
    စောင့်လေမျိုးနွယ် ဆိုတာတောင် ဘာမှန်းမသိတဲ့ကောင်တွေပါ။
    ဒီကောင်တွေက အမေ နှမ တွေကိုကုလားနဲ့ ပေးစားပြီး အစ်နေ့ ကျရင်အမဲသားလေး စားရလည်း မနဲပါဘူးဆိုတဲ့ကောင်တွေပါ။
    ReplyDelete
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။