/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 24, 2013

.

စစ်တွေမြို့နယ်၌ လက်ပစ်ဗုံးများနှင့် ကျည်ဆန်များတွေ့ရှိ



၂၃.၅.၂၀၁၃ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေ မြို့ နယ် အုန်းတောကြီး ကျေးရွာမှ ပလ္လင်ပြင်ထိ လမ်း ဖောက် လုပ်ရေး အဖွဲ့မှ ၄င်းနေ့ မွန်းလွဲ ၁၂ နာရီ ခွဲခန့်က စစ်တွေမြို့အနီး အုန်းတောကြီး ဘင်္ဂလီ ကျေးရွာ အနီး ရေနုတ်မြောင်း တူးဖော်စဉ် နှစ်ပေ ခန့်အနက်၌ ကျောပိုးအိတ်ဟောင်း တစ်လုံးတွင် ထည့်ထားသည့် အမှတ်(၃၆) လက်ပစ် ဗုံး ၂၁ လုံး၊ ၉ မမကျည် ၉ဝဝ တောင့် အား တွေ့ရှိခဲ့သည်။

အဆိုပါ လက်ပစ်ဗုံးနှင့် ခဲယမ်းများမှာ သံချေးတက် နေပြီး လွန်ခဲ့သည့် ၁ဝ နှစ် ခန့်က နှစ်မြှုပ် ထားသည့် ပစ္စည်းများ ဖြစ်နိုင်ကြောင်းနှင့် တာဝန်ရှိ သူများက သိမ်းဆည်း စစ်ဆေးလျက် ရှိကြောင်း မြ၀တီ သတင်း တွင် ဖော်ပြချက် အရရှိသည်။ လမ်းလုပ်ရာတွင် လက်နက်များကို တွေ့ရှိခဲ့သူတစ်ဦးမှ “ကျွန်တော်တို့ စတွေ့တွေ့ရှင်းတော့ အထုတ်တစ်တွေတယ် ဘာမှန်းမသိဘူးဆို ဖွင့်ကြည့်ရာမှ လက်နက်တွေ ဖြစ်နေတယ်။ ဒါကြောင်း လုံခြုံရေးကို အကြောင်းကြားပြီး အပ်လိုက်တာပါ။” ယခုအခါ ၄င်း လက်နက် ပစ္စည်းများအား စစ်တွေမြို့ အမှတ်(၁) ရဲစခန်းတွင် စစ်ဆေးလျှက်ရှိပြီး သတင်းများကို လူထုကြားသို့ ထုတ်ပြန်ချက် မရှိသေးကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။