/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 24, 2013

.

မိုးရာသီခရီးသည်ယာဉ်များမိုးမလုံပါက အရေးယူမည်


မိုးရာသီစီမံချက်တစ်ခုအဖြစ် ခရီးသည်ယာဉ်များ အကြောင်း အမျိုးမျိုးကြောင့်မိုးမလုံပါက တိုင်ကြား နိုင်ကြောင်း မေလ ၂၂ရက်နေ့ကပြုလုပ်ခဲ့ သော ၂ပတ် တစ်ကြိမ်မီဒီယာတွေ့ဆုံပွဲ၌သိ ရသည်။


““ခရီးသည်ယာဉ်တွေမိုးမလုံ တဲ့ကိစ္စကိုပြင်ဖို့လည်း ပြောခဲ့တယ်။ တကယ်လို့အဲဒီလိုမျိုးခရီးသည်ယာဉ် တွေမိုးမလုံတဲ့ကိစ္စဖြစ်တယ်ဆိုရင် ဖုန်းနံပါတ်၀၉-၇၃၁၈၆၉၀၅ယ၀၁ ၈၅၀၀၆၅၀ Ex7 207 ကို တိုင်ကြား နိုင်ပါတယ်။ဦးတို့ပြောတဲ့အတိုင်း ဇွန်လကျော်လို့ဒီမိုးမလုံတဲ့ကိစ္စကို မပြင်ရင်သူတို့ကို ဒဏ်ရိုက် မှာပါ”” ဟုမထသဗဟိုကော်မတီမှတာဝန် ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင်းခရီးသွား ပြည်သူတစ်ဦးကပြောကြားရာတွင် လည်း ““ရန်ကုန်မြို့အတွင်းမှာ မိုး မလုံတဲ့ ခရီးသည်ယာဉ်တွေက အများ ကြီးပဲ အဆိုးဆုံးကတော့ မြို့ထဲ နဲ့ ဒဂုံမြောက်၊မြို့ထဲနဲ့ မြောက် ဥက္ကလာ ဆွဲတဲ့BM ကားတွေကဘေးမှန်တွေကွဲ နေတာတွေရှိတယ်။ဘေးမှန်တွေ မပါတာတွေရှိ တယ်။အပြင်မှာ မိုးမစိုဘူးဆိုရင်တောင် အဲဒီကား ထဲရောက်ရင်မိုးစိုတယ်””ဟုပြော ကြားခဲ့သည်။

ရန်ကုန်မြို့အတွင်းခရီးသွား ပြည်သူများအဆင်ပြေစေရန်အတွက် မထသဗဟိုက စီစဉ်ဆောက်ရွက် လျက် ရှိပြီးရန်ကုန်မြို့အတွင်းပြေး ဆွဲရန်အတွက် ဘက်စ်ကားအစီး ရေ ၁၀၀ကျော်တိုးချဲ့ပြေးဆွဲရန် ရှိကြောင်း အဆိုပါပွဲမှ သိရသည်။

Credit : http://www.hotnewsweekly.com/archives/20983

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။