/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, May 24, 2013

.

သံဃာအယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင်ကြိုးပမ်းမှု အချိန်မီထိန်းသိမ်းနိုင်

မိုးညှင်းမြို့နယ်၌ လူတစ်ဦးက သံဃာယောင်ဆောင်၍ ပဋိပက္ခဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ ထိန်းသိမ်း လိုက်နိုင်ကြောင်း မြို့နယ်သံဃာ့နာယက အတွင်းရေးမှူး ဆရာတော်ဦးဉာဏောက မိန့်ကြားသည်။


ဖြစ်စဉ်မှာ မေ ၂၀ ရက်ည ၉ နာရီခန့်က မိုးညှင်းဘူတာရုံ၌ သံဃာမှတ်ပုံတင်မရှိသော အတုအယောင် သံ ဃာ တစ်ပါး အရက်သေစာသောက်စားပြီး ရမ်းကားနေ၍ မိုးညှင်းမြို့နယ် ပညာရာမကျောင်းတိုက်မှ တိုက် အုပ် ဆရာတော်က သွားရောက်ခေါ်ဆောင်ခဲ့ပြီး မြို့နယ်ရဲစခန်းတွင်အပ်နှံခဲ့သည်။

ယင်းအချိန်တွင် မြို့ခံမဟုတ်သော သူစိမ်းတစ်ဦးက ဆိုင်ကယ်အပြင်းမောင်းနှင်လျက် သံဃာတစ်ပါးအား လူအချို့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လိုက်အော်ခြင်းကြောင့် လူအများစုဝေးမိကာ ပညာရာမ ကျောင်း တိုက်သို့ရောက်ရှိချိန်တွင် သတင်းကြား၍ အခြေအနေကို ထိန်းသိမ်းရန်လာရောက်သော ရဲများ နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ပညာရာမကျောင်းမှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

“လူတချို့က တုတ်တွေကိုင်ပြီး ကျောင်းကိုစောင့်နေတဲ့အချိန်မှာအရင်ဆုံးရောက်လာတဲ့ ရဲတွေက ယူ နီ ဖောင်း ၀တ်မထားဘဲ ၀င်ဖမ်းတော့ ရုန်းရင်းဆန်ခတ်စဖြစ်တာ၊ ယူနီဖောင်းဝတ်ရဲတွေ ရောက်လာပြီး ပညာ ရာမကျောင်းတိုက် ဆရာတော်ကလည်းဝင်ဖြေရှင်းပေးလို့ပြေလည်သွားတာ”ဟု ဦးဉာဏောက မိန့် သည်။

“အခြေအနေက တည်ငြိမ်သွားပါပြီ။ ပြဿနာ ထပ်မဖြစ် အောင်လည်း စောင့်ကြပ်နေပါတယ်။ မြို့ရဲ့ အခြေ အနေကတော့ တည်ငြိမ်ပါတယ်”ဟု မိုးညှင်းရဲစခန်းမှ ဒုရဲ အုပ် စောအောင်ဝင်းဝင်းက ပြော သည်။ မိုးညှင်း ဘူတာတွင် ထိန်းသိမ်း ခဲ့သော သံဃာအတုအယောင်မှာ ရခိုင်ပြည်နယ်ဘက်မှ လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်နှင့် မြို့ပေါ်ရပ်ကွက်များသို့ ပတ်ကာပဋိပက္ခဖြစ်ရန် လှုံ့ဆော် သွားသူကို လည်း ရဲစခန်းနှင့် မြို့နေလူထုက စုံစမ်းနေကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။