/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 4, 2013

.

Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ


အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာ ဖော်ပြချက် များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြု သူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။


www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင် ခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘာသာဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင် လိုက်ခြင်း ဖြစ်ပါ သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက် များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ပါသည်။


ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံ မှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်။

Firefox ဖြင့်အသုံးပြုမည်ဆိုလျှင် အောက်ပါအတိုင်း Option များ ပြောင်းပေးရန်လိုအပ်ပါသည်-







လက်ရှိ မြန်မာစာဖြင့်တင်ထားသော Web Page များသည် Zawgyi Font ကိုသာ အသုံးများသဖြင့် Myanmar 3 ကိုပြောင်းလဲလိုက်ချိန်တွင် ဖတ်ရအဆင်မပြေဖြစ်သွားပါသည်။ Facebook လည်း အလားတူ ပင်ဖြစ်ပါသည်။



No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။