/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 4, 2013

.

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ဟိုပုံးမြို့၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေး


ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါလျက် ဧပြီ ၃ တွင် နေပြည်တော်မှ ထွက်ခွာ လာခဲ့ရာ တောင်ကြီးမြို့သို့ နံနက်ပိုင်း တွင် ရောက်ရှိကြပြီး အရှေ့ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်နှင့် တာဝန် ရှိသူ များမှ ကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တောင်ကြီးမြို့မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာပြီး ဟိုပုံးမြို့ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံသို့ သွားရောက် စစ်ဆေးရာ ရှင်းလင်းဆောင် ခန်းမ၌ ကျောင်းအုပ်ကြီးမှ သင်ကြား လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄) ရပ် ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များ အပေါ် လိုအပ်သည် များကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်း ဖြည့် ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၂)၌ သင်တန်းသား များနှင့် အတူ တကွ နေ့လယ်စာ စားသုံးကြသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စားချက်ဆောင်အတွင်း ချက်ပြုတ်နေမှု အခြေအနေများ၊ ရိက္ခာအမယ်စုံ ထားရှိမှု အခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေး ကြသည်။

၎င်းနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ ဆံသဆိုင်၊ အင်တာနက် café ဆိုင်နှင့် ရာသီ သီးနှံ စိုက်ခင်းတို့အား ကြည့်ရှု စစ်ဆေးပြီး အိမ်ထောင်သည် လိုင်းခန်းအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် သင်တန်းသား စားရိပ်သာ (၁)၌ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံမှ အရာရှိ၊ စစ်သည် မိသားစုများနှင့် သင်တန်းသား များကို တွေ့ဆုံ အမှာစကား ပြောကြားသည်။

ရှေးဦးစွာ အဖွဲ့ဝင်အဖြစ် လိုက်ပါလာ ကြသော အရာရှိကြီး များမှ တပ်စစ်ဆေး ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ထောက်ဆိုင်ရာ ကိစ္စရပ် များနှင့် စစ်ဦးစီး ဆိုင်ရာ ကိစ္စရပ် များကို အသီးသီး ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီမိုကရေစီ ပန်းတိုင်သို့ ချီတက်ချိန် တပ်မတော်၏ လုပ်ငန်း တာဝန်များ၊ တပ်ရင်း/ တပ်ဖွဲ့အလိုက် တပ်တွင်း/ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများ၊ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ် ဆိုင်ရာများအား အသေးစိတ် ရှင်းလင်း မှာကြားခဲ့သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များက ဟိုပုံးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ထို့နောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံရှိ သုတေသနနှင့် နည်းပညာ ပြခန်း၊ စာပေ ဌာနနှင့် လက်တွေ့သင်ကြားရေး ဆိုင်ရာ အလုပ်ရုံတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းေ ဆာင် ရွက် ပေး ခဲ့ကြောင်း သတင်း ရရှိသည်။



Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။