/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 4, 2013

.

ဂီတပဒေသာ ကပွဲမှ ရရှိငွေ ကျပ်သိန်း ၃ဝဝဝ ကျော်အား ကချင်စစ်ဘေးရှောင် ပြည်သူများသို့ ဧပြီ ၉ ရက်တွင် သွားရောက် လှူဒါန်းမည်

ကချင်စစ်ဘေးရှောင် ပြည်သူများအား ကူညီထောက်ပံ့ရန် ရည်ရွယ် ကျင်းပခဲ့သည့် ရန်ပုံငွေ ဂီတပဒေသာ ကပွဲမှ ရရှိသည့် ငွေကျပ် သိန်း ၃ဝဝဝ ကျော်အား ဧပြီလ ၉ ရက်တွင် ကချင်ပြည်နယ်သို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း ကချင်တိုင်းရင်းသား စာပေနှင့် ရိုးရာယဉ်ကျေးမှု အသင်း (ရန်ကုန်) မှ ဒုတိယ ဥက္ကဋ္ဌ ဦးနော်ဘောက်က ပြောသည်။

မတ်လ ၂၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ နှစ်ခြင်းခရစ်ယာန်အသင်း ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည့် ရန်ပုံငွေ ဂီတပဒေသာ ကပွဲတွင် ငွေကျပ်သိန်းပေါင်း ၃၂၅ဝ ကျော် ရရှိခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၁ဝ၃ဝဝ ရရှိခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်လှူဒါန်းရာတွင် ကချင်ပြည်နယ် နယ်စပ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများ အား အဓိက လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ လှူဒါန်းရာတွင် ငွေကြေးကိုသာ ပေးအပ်သွားမည်ဟု သိရသည်။

ဦးနော်ဘောက်က ''ကျွန်တော်တို့ အနေနဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရရှိလာတဲ့ ငွေတွေအားလုံးကို ကချင် ဒေသမှာရှိတဲ့ စစ်ဘေးရှောင် စခန်းတွေကို လှူဒါန်းသွားမှာပါ။ ဧပြီလ ၉ ရက်နေ့သွားမှာဖြစ်ပြီး လှူဒါန်း မယ့်သူတွေ အရောက်အပေါက်နည်းတဲ့ ဒေသတွေကို သွားမှာပါ။ အဲဒီလို သွားတဲ့အခါ ကချင်မျိုးနွယ်စု ခြောက်ခုက ကိုယ်စားလှယ် တစ်ဦးစီ လိုက်ပါမှာပါ။ တချို့နေရာတွေမှာ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေ တယ်လို့ သတင်းရတဲ့အတွက် ဆေးဝါးတွေ ယူသွားဖို့ ရှိတယ်'' ဟု ပြောပါသည်။ 

''လက်ရှိအချိန်မှာ ကချင်ဒေသမှာ စစ်ပွဲတွေ ရပ်နေတယ်။ ဒါဟာ သိပ်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ ဒေသမှာရှိတဲ့ ကလေးငယ်တွေရဲ့ ပညာရေး၊ အဲဒီဒေသမှာ နေထိုင်သူတွေရဲ့ စီးပွားရေးတွေ ကောင်းမွန် အောင် လုပ်ဆောင်ပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်'' ဟု ဦးနော်ဘောက်က ဆက်လက် ပြောကြား ခဲ့သည်။ 

ကချင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) သည် ကချင်ရိုးရာ ဓလေ့များ မပျောက်ပျက် ရေး၊ တည်တံ့ခိုင်မြဲရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကချင်မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော့၊ လော်ဝေါ်၊ လာချစ်၊ ဇိုင်ဝါး၊ လီဆူး၊ ရဝမ်စသည့် မျိုးနွယ်စုအားလုံး ပါဝင်ဖွဲ့စည်းထားသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။