/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 4, 2013

.

KIA တပ်သားတစ်ဦး အစိုးရတပ်သို့အလင်းဝင်ရောက်


KIA မဒိန်ယန်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးသည် ယမန်နေ့က ဆင်ဘိုမြို့်နယ်ခွဲရှိ အစိုးရတပ်စခန်းတစ်ခုသို့ အလင်းဝင်ရောက် ခဲ့ကြောင်းသိရှိရပါသည်။

ထွက်ပြေးလာသော KIA တပ်ဖွဲ့ဝင်သည် ပြီးခဲ့သောလ ၂၄ ရက်နေ့ က ရွှေကူးမြို့နယ်၊ ကျောက်ကြီး ကျေးရွာအနီးတွင် ၀ါးခုတ်နေစဉ်အတွင်း KIA တပ်ဖွဲ၏လူသစ်စုဆောင်းမှုကို ခံခဲ့ရပြီး မဒိန်းယန်စခန်းတွင် တပ်သားသစ်အဖြစ်သင်တန်းပေး ခံနေရပြီး ယမန်နေ့ မနက်က သင်တန်းမှ ထွက်ပြေးလာပြီး နေ့လည် ၁နာရီခန့်တွင် ဆင်ဘိုမြို့နယ်ခွဲ အနီးတွင် ရှိနေသော အစိုးရတပ်တစ်ခုသို့ အလင်းဝင်ခဲ့ကြောင်း သိရှိရ ပါသည်။


အလင်းဝင်ရောက်သူသည် ရွှေကူးမြို့နယ်၊ ကျောက်ကြီးရွာတွင် အစ်မဖြစ်သူနှင့် နေထိုင်းပြီး KIA တပ်ဖွဲ့ ၏ လူသစ် စုဆောင်းမှု ကိုခံရပြီး တပ်သားသစ်အဖြစ် အခြား ၂၆ဦးနှင့်အတူ မဒိန်ယန်စခန်းတွင် ဖွင့်ထားသော သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ ရကြောင်း KIA အနေဖြင့် မသေရုံကျွေးမွေးပြီး မိုင်းထောင်နည်း သေနတ် ပစ်နည်းများကို သင်ပေးကြောင်း အလင်းဝင်သူ ၏ပြောဆိုမှုအရသိရှိရပါသည်။ KIA အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ၂ကြိမ်တိုင်တိုင် ပြုလုပ် ခဲ့သော်လည်း လူသစ်စုဆောင်းမှု များနှင့်အခွန်များ ကောက်ခံ ခြင်း၊မိုင်းထောင်ခြင်း၊ရိက္ခာတောင်းခံခြင်းများကို ပြုလုပ် နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက် အရ သိရှိရပါသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။