/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 4, 2013

.

လမ်းသွယ်အ၀င်အထွက် နေရာများတွင် အမှိုက်ပုံးများ ချပေးလျက်ရှိ


စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ၊ မြို့ပေါ် ရပ်ကွက်များ အတွင်းသို့ အမှိုက်သိမ်းကား မော်တော်ယာဉ် များ အ၀င် - အထွက် မလွယ်ကူသော လမ်းသွယ် များနေ ပြည်သူများ အမှိုက်အစို - အခြောက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် နှင့် အမှိုက်ကင်းစင် ပြီး သန့်ရှင်းသော မြို့တော် ဖြစ်ပေါ် လာစေရန် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ မြို့တွင်း လမ်းမကြီး များနှင့် ထိပ်တိုက် တွေ့ဆုံသော လမ်းသွယ် အ၀များတွင် အမှိုက်ပုံးများ ချထား ပေးလျက် ရှိကြောင်း သိရသည်။


ထိုသို့ အမှိုက်ပုံးများ ချထားပေးမှု နှင့် ပတ်သက်၍ မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက " ယခုလို အမှိုက်ပုံးများ ချထား ပေးခြင်းဖြင့် ရန်ကုန်နေ ပြည်သူများ ၊ လမ်းသွား လမ်းလာ ၊ ဧည့်သည်များ အမှတ်တမဲ့ အမှိုက် စွန့်ပစ်ခြင်း များကို သတိပြုမိ စေရန် ၊ အမှိုက်ပုံးများ အတွင်းသို့ စနစ် တကျ စွန့်ပစ်ခြင်းဖြင့် အမှိုက် လိုက်လံ သိမ်းဆည်းသော ၀န်ထမ်းများအား ကူညီရာ ရောက်ပါကြောင်း ၊ အမှိုက်များ ပြန့်ကျဲပြီး မြို့ကို အရုပ်ဆိုး အကျည်းတန် စေမည့် အဖြစ်မျိုး မဖြစ်စေရေန် အတွက် ရပ်ကွက် နေ ပြည်သူများ ၀ိုင်းဝန်း ကူညီပြီး စနစ်တကျ စွန့်ပစ် ကြပါရန် .... " ရပ်ကွက် အုပ်ချုပ်ရေါ်မှူး များမှ တစ်ဆင့် ပန်ကြား ခဲ့ကြောင်း သိရသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် မုံရွာမြို့ ၊ မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ မြို့တွင်း လမ်းမကြီး များနှင့် ဆက်စပ်လျက် ရှိသော လမ်းသွယ်များတွင် အမှိုက်ပုံး တစ်ပုံးလျှင် တန်ဖိုးငွေ ကျပ် ၂၅၀၀၀ ရှိ အမှိုက်ပုံး ၄၀ ပုံး ချထား ပေးခဲ့ကြောင်း နှင့် လာမည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် တွင်လည်း အမှိုက်ပုံး ၆၀ ပုံးအား ဆက်လက် ချထား ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။