/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 4, 2013

.

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်အမှတ်(၁/၂၀၁၃)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆုတ် ၈ ရက်
(၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်)

၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့်ကော်မတီသည် စုံစမ်းစစ်ဆေးရေး ကော်မရှင်က အကြံပြုခဲ့သည့် ''ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ ဒေသခံလူထု၏ အကျိုးစီးပွားအနာဂတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာ ရရှိစေ ရန် အစီအမံများချမှတ်ပြီးစီမံကိန်းကို ဆက်လက်ဆောင်ရွက်စေမည့်နည်းလမ်း'' အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။


၂။ ကော်မတီအနေဖြင့် လုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ (၃-၄-၂ဝ၁၃) ရက်နေ့ အထိ ဆောင်ရွက် ပြီးစီးမှုများကို ထုတ်ပြန်ကြေညာအပ်ပါသည်။


၃။ စီမံကိန်းအတွက် သိမ်းဆည်းထားသော မြေပမာဏသည် လိုအပ်သည်ထက်ပိုမိုသိမ်းဆည်းခြင်း ရှိ/မရှိ သိမ်းဆည်း လယ်ယာမြေများ စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး မြေတိုင်းတာရေး အဖွဲ့များဖြင့် ပြန်လည် တိုင်းတာ စိစစ်ခဲ့ရာ အောက်ပါအတိုင်းစိစစ်ရရှိခဲ့ပါသည်-

(က) မူလသိမ်းဆည်းခဲ့သော မြေဧရိယာ ၇၈၆၇ ဒသမ ၇၈ ဧက

(ခ) တိုင်းတာတွက်ချက်ပြီး အနည်းဆုံးဆောင်ရွက်နိုင်မည့် စီမံကိန်းလုပ်ငန်းဧရိယာ ၆၉၆၅ ဒသမ ၅၄ဧက

(ဂ) စီမံကိန်းမှပြန်လည်ထုတ်နုတ်ပေးနိုင်မည့် မြေဧရိယာ ၉ဝ၂ ဒသမ ၂၄ ဧက

၎။ ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် မြေလျှော်ကြေး ထပ်မံ ပေးအပ်ရာတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်အတိုင်း လယ်မြေ/ ယာမြေ အလိုက် စိစစ်ပေးအပ်လျက်ရှိရာ တောင်သူ ၅၇ဝ ဦးအား မြေ ၁၇၅၃ ဒသမ ၇၁ ဧကအတွက် တန်ဖိုးငွေကျပ် ၁၇၈၅၆ ဒသမ ၇၅ သိန်း ပေးအပ်ခဲ့ပြီးဖြစ်သည့်အပြင် ဆက်လက်၍လည်း ပေးအပ်သွား မည် ဖြစ်ပါသည်။

၅။ မြေယာလျှော်ကြေးငွေများပေးအပ်ရာတွင် ဒေသခံတောင်သူများ အချင်းချင်းအမွေဆိုင်ကိစ္စများနှင့် မြေ အမျိုးအစားကွာ ခြားချက်များကြောင့် ကန့်ကွက်မှု ၁၇၇ မှုလက်ခံရရှိခဲ့ပါသည်။ ကော်မတီအနေဖြင့် မြေယာမှုခင်း စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းစိစစ်ဖြေရှင်းခဲ့ရာ ၃၃ မှုဖြေရှင်းပေးခဲ့ပြီး ကျန်အငြင်းပွားမှုများကို ဆက်လက် ဖြေရှင်းပေးလျက်ရှိပါသည်။

၆။ ကော်မတီသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြောင်းရွှေ့လာသောကျေးရွာများဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကိုလည်း တစ်ပြိုင်တည်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို ဒေသခံ ပြည်သူများ အကျိုး စီးပွားအတွက်ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးအခါအားလျော်စွာ သတင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ပါသည်။

                                       လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့်
                        စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကော်မတီ
                                                        ၂၀၁၃ ခုနှစ်၊ ဧပြီလ ၃ ရက်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။