/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, April 4, 2013

.

မိုဘိုင်းဖုန်းနှစ်(၄၀)ပြည့်နှစ်ပတ်လည်...

ဧပြီလ(၃) ရက် ၁၉၇၃ ခုနှစ်တွင် စတင်ပေါ်ပေါက် ခဲ့ သော မိုဘိုင်းဖုန်း၏ သက်တမ်းသည် ၂၀၁၃ ခုနှစ် ဧပြီ လ(၃)ရက်နေ့တွင်နှစ်(၄၀)ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

ပထမဆုံး မိုဘိုင်းဖုန်းအားတီထွင်ခဲ့သော အင်ဂျင်နီယာ ပညာရှင်မှာ အမေရိကန်နိုင်ငံမှ “ Martin Cooper” ဆိုသူဖြစ်သည်။

Martin Cooper ကို ၁၉၂၈ ခုနှစ်ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် ဂျီကာဂိုမြို့၌မွေးဖွားခဲ့ပြီး အီလီနွိုက်နည်းပညာ တက်္ကသိုလ်မှ အင်ဂျင်နီယာဘွဲကိုရရှိခဲ့သည်။

Martin Cooper သည် ယခုအခါ၌အသင်(၈၄)နှစ် အရွယ်ရှိပြီဖြစ်ပြီး ၎င်း၏တီထွင် မှုကြောင့် မိုဘိုင်း ဖုန်းများ ပေါ်ပေါက်လာခဲ့၍ ဆက်သွယ်ရေးနည်းပညာ ပိုမိုတိုးတက်ကောင်းမွန်လာခြင်းကြောင့် Martin Cooper အားမိုဘိုင်းဖုန်း များ၏ ဖခင်အဖြစ်ကမ္ဘာမှ အသိအမှတ်ပြုလက်ခံထားကြကြောင်း BBC သတင်းဌာနတွင်ဖော်ပြထားသည်ကိုတွေ့ရှိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။