/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 3, 2013

.

ကိုင်း... ကောင်းကြသေးရဲ့လား ဗျာတို့

မမွေးဖွားလိုသည့်ရင်သွေးဖျက်ချခွင့် အစိုးရဖော်ဆောင်ပေးစေလို
Wednesday, April 3, 2013


မမွေးဖွားလိုသည့် ရင်သွေးများအား မိခင်အသက်အန္တရာယ်ကင်းဝေးရန်အတွက် ဆေးရုံများ၌ ဖျက်ချ နိုင်ခွင့်ရှိစေရန် အစိုးရအနေဖြင့် အကောင်အထည် ဖော်ပေးစေလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။


လက်ရှိပြဋ္ဌာန်းထားသော ပြစ် မှုဆိုင်ရာဥပဒေပုဒ်မ ၃၁၂ အရ အစိုးရက ခန့်အပ်ထားသည့် အဖွဲ့အစည်း၏ ထောက်ခံချက်မပါရှိပါက ကိုယ်ဝန်မရှိစေရန် ခွဲစိတ်ခံခွင့် ကန့်သတ်ထားသည့်အတွက် မြို့နယ်၊ ရပ်ကွက် များ အတွင်းရှိ မကျွမ်းကျင် သောအရပ်လက်သည်များနှင့် ကိုယ်ဝန်ဖျက်ချခြင်းဖြင့် မိခင်များသေဆုံးမှု ဖြစ်ပေါ်စေနိုင်သည်ဟု ၄င်းကပြောသည်။


လက်ရှိအချိန်တွင် အစိုးရဘက်မှ မိခင်လောင်းများအား အပြည့်အဝကူညီထောက်ပံ့နိုင်မှုအား နည်းနေပြီး မွေးဖွားလိုမှုမရှိသည့် ရင်သွေးများ မွေးဖွားရမှုတို့ကြောင့် ဆေးရုံ၊ ဈေး၊ အမှိုက်ပုံ အစရှိသည့် နေရာများ တွင် ကလေး ငယ်စွန့်ပစ် မှုများရှိနေခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။

ယင်းအပြင် ကလေးမွေးဖွား မည့်မိခင်များအတွက် ကိုယ်ဝန် ဆောင်စဉ်နှင့်မွေး ဖွားစဉ် အခမဲ့ ဆေးကုသ ခွင့် ပေးရန် လိုအပ်သည် ဟု ၄င်းကပြောသည်။

ယင်းကဲ့သို့ အခမဲ့ဆောင်ရွက်ပေးရန် အဆိုကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ သည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေး၌ တင်သွင်းခွင့်ရရှိပြီး ဆွေးနွေးမှုကို ဧပြီ ၃ရက်နေ့တွင် ဆောင်ရွက် သွားမည် ဖြစ်သည်။

၎င်း၏ ပြောပြချက်အရ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ ဝင် ၁၈၉ နိုင်ငံသည် ၂ဝဝဝ ခုနှစ် မှစတင်ကာ ထောင်စုနှစ်ရည်မှန်း ချက်အဖြစ် မိခင် များသေဆုံးမှု အချိုးအစား ၇၅ ရာခိုင်နှုန်းခန့် လျော့နည်းရေးကို ချမှတ် သဘော တူခဲ့ပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံ တွင် သားဖွားမိခင်တစ်သိန်း အနက် ၃၆ဝ ခန့် သေဆုံးမှုရှိနေရာ ယင်း မှာမြင့်မားသည့်နှုန်းထားဟု ဆိုနိုင် ကြောင်း၊ ထောင်စုနှစ်ရည်မှန်းချက် အရ မိခင်တစ်သိန်းလျှင် သေဆုံး သူ ၁ဝဝ အောက်လျှော့ချရန် လိုအပ်ကြောင်းဒေါက်တာ ညိုညို သင်းကဆက်လက်ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၁၂ အရ အစိုးရအဖွဲ့အစည်း ၏ ခွင့်ပြုချက်မရှိဘဲ သန္ဓေသားမရှိရန် ခွဲစိတ်ပါက ခွဲစိတ်သူနှင့်ခွဲစိတ်ခံသူ နှစ်ဦးလုံးထောင်ဒဏ် ၃ နှစ်ကျခံရ ဖွယ်ရှိကြောင်း ၄င်းက ပြောသည်။

Credit : Here

1 comment:

  1. မမွေးချင်ရင်လဲအစကတည်းကဗိုက်မရအောင်ကာကွယ်ကြလေကွာ။ဘယ့်နှယ်ဗျာ...တရားဝင်လိုင်စင်ရလူသတ်သမားတွေပေါ်လာအောင်ဘဲအစိုးရကခွင့်ပြုပေးရမယ်လို့။ လုပ်ကိုင်ပေးတဲ့သူကတော့ပါဏာတိပါတာကံထိုက်ပြီဗျ။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။