/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 3, 2013

.

မန္တလေး -စင်ကာပူ ခရီးစဉ် စတင်ပျံသ န်းတော့ မည့် ရွှေမြန် မာလေေ ကြာင်း

လေကြောင်းလိုင်းသစ်တစ်ခုဖြစ်သော ရွှေမြန်မာ လေကြောင်းလိုင်းသည် မန္တလေး_စင်ကာပူ ခရီး စဉ် ကို ဧပြီလ(၅)ရက်နေ့တွင် စတင်၍ နေ့စဉ်ပျံသန်း ပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို အဲဘတ်စ်အေ(၃၂၀)လေယာဉ် ဖြင့် ပျံသန်းပြေးဆွဲမှာဖြစ်ပြီး ခရီးသည် ၁၈၀ လိုက်ပါနိုင် မည်ဖြစ်သည်။ ခရီးစဉ်သစ် စတင်ပျံသန်းခြင်းအခမ်းအနားကို ဧပြီလ(၅)ရက်နေ့တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ ကျင်းပ သွားမည်ဖြစ်သည်။ အဆိုပါလကြောင်းလိုင်း၏ ခရီးစဉ်လက်မှတ်များအား အရောင်းကိုယ်စားလှယ် ရုံးများတွင် ရောင်းချနေပြီဖြစ်ကြောင်း NiceFare ကုမ္ပဏီမှ သိရပါသည် ။ ပြည်ပခရီးစဉ်များ ပျံသန်း ပြေးဆွဲကြရာတွင် ရန်ကုန်မြို့နှင့်သာ တိုက်ရိုက်ချိတ်ဆက်ပျံသန်းသည့်လေကြောင်းလိုင်းသာများပြားပြီး မန္တလေးမြို့နှင့် ချိတ်ဆက်ပျံသန်းမှုနည်းပါးကြောင်း သိရသည်။ လက်ရှိမန္တလေးမြို့ တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်နေသော ပြည်ပခရီးစဉ်လေကြောင်းလိုင်းများမှာ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)၊ထိုင်းအဲဝေးလ်၊ အဲလ်အေးရှ၊ChinaEasten လေကြောင်း လိုင်းများ ဖြစ်ကြောင်း သတင်းရရှိသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။