/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, April 3, 2013

.

ရေနွေးညသိပ် အဆိပ်ထက်ပြင်း

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေး တို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာ ပါဝင်ပါတယ်. တင်ပြလိုတာကတော့.....

(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။

(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။

(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေး ကိုမသုံးသင့်ပါ။

(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ ပြန်ကျိုချက်ပြီး မသုံးပါနဲ့။

(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။

(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆ တွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.

Credit : Here

2 comments:

  1. ဗဟုသုတများကိုတင်ပေးတဲ့အတွက်ကျေးဇူးတင် ပါတယ်နောက်ထပ်လည်းထပ်တင်ပေးပါအုန်း

    ReplyDelete
  2. ကျန်းမာရေးနဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်လေးတွေကို အဆင်ပြေရင်ပြေသလိုတင်ပေးနိုင်ပါစေ...

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။