
ဆင်းကတ်ကို ဧပြီလ ၅ ရက်နေ့တွင် ကျပ်နှစ်သောင်းနှုန်းဖြင့် ရောင်းချပေးမည်ဟု သတင်း ထွက်ပေါ်နေသလို ဂျီဖုန်း ကျပ်ငါးထောင်နှင့် WCDMA ကျပ်ခြောက်ထောင်နှုန်းဖြင့် ယခုရက်ပိုင်းအတွင်း ရောင်းချပေးမည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
“ဈေးနှုန်း ဘယ်လောက်လဲ ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ ဖုန်းဈေးနှုန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်တောင် မပြောသေးဘူး။ ဝန်ကြီးလည်း မပြောသေးဘူး။ ဒါကြောင့် ကျွန်တော်တို့အဆင့်လည်း မသိသေးပါဘူး” ဟု ၄င်းက ဆက်လက်ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆင်းကတ်ရောင်းချရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တယ်လီဖုန်း မရရှိသည့်သူများကို မျှတမှုရှိအောင် စနစ်တကျ ရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ ဖုန်းများ ရောင်းချပြီးပါကလည်း ဖုန်းလိုင်းကျပ်တည်းမှု မရှိအောင် ကြိုတင်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြင်ပဈေးကွက်တွင် သတ်မှတ်နှုန်းထက် ပို၍ရောင်းချမှုနှင့် ဈေးကစားမှုများ မပြုလုပ်နိုင်ရေးအတွက် လစဉ် ဖုန်းရောင်းချမှုကို တူညီသည့်နှုန်းဖြင့်သာ ရောင်းချပေးမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြား ခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Credit : Here

ဆင်းမ်ကဒ်အရင်ပေးပြီးနောက်မှပိုက်ဆံလိုက်တောင်း
ReplyDeleteရင်ကောယူကြမလားမသိ