/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 4, 2013

.

နေပြည်တော်မှာ ဘယ်သူ့ကိုမှ ဂရု မစိုက်ဘူး ဆိုတဲ့ ပြန်ကြားရေး ၀န်ကြီး ဌာနက ဒု- ညွှန်မှူး ဦးမျိုးဝင်း

၂-၃-၂၀၁၃ ရက်နေ့ ည ၁၀း၀၀ နာရီ လောက်က ဇမ္ဗူသီရိ၊ ဘောဂသိဒ္ဓိ ရပ်ကွက် ရှိ မြ၀တီ ဓါတ်ဆီ ဆိုင် အရှေ့မှာ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပါ တယ်။ ဖြစ်စဉ်ကတော့ Van အဖြူရောင် ကားနံပါတ် ၆ခ/၁၂၀၀ ကို မောင်းနှင် လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ဒု- ညွှန်မှူး ဦးမျိုးဝင်းဟာ အရက် အလွန် အကျွန် မူးနေပြီး၊ မတ်တတ်တောင် ကိုယ်တိုင် ကောင်းကောင်း မွန်မွန် မရပ် နိုင်တဲ့ အနေအထား ရှိ နေတာ ကို တွေ့ရပါတယ်။ ဒါနဲ့ လမ်းသွား လမ်းလာ များက အမြင်မတော်လို့ ၀င်ရောက် ကူညီ ရာမှာ ဦးမျိုးဝင်းက ကားပေါ်က ဆင်းလာပြီး ကားနဲ့ အတိုက် ခံရလို့ လမ်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ မွန် ပြည်နယ်က အားကစား သမားလေးတွေ ကို မိုက်ရိုင်းစွာ အော်ဟစ် ဆဲဆို နေတာ တွေ့ရ ပါတယ်။ အဲသည် အပြင် လာရောက် ကူညီ သူတွေကိုပါ “ မင်းတို့က ဘာကောင်း တွေလဲ .. ငါ ဘာကောင်လဲ .. သိလား .. ဘယ်သူ့ ကိုမှ သောက် ဂရု မစိုက်ဘူး ” စတဲ့ ရိုင်းပျတဲ့ အသုံး အနှုန်းတွေ ပြန်ကြားရေး က ဗိုလ်မှူး ဆိုတဲ့ အသုံး အနှုန်းတွေ နဲ့ အာဏာရှင် ဆန်စွာ ပြုမူ ခဲ့တာတွေ ကို သက်သေ မြောက်များ စွာရှိနေ ပါတယ်။ ဦးမျိုးဝင်း ဟာ သူကိုယ်တိုင် လူမှန်း သူမှန်း မသိအောင် မူးရူး နေပေမယ့် သူ့ရဲ့ ရာထူး နဲ့ ပြုမူ ပြောဆို ဆောင်ရွက်ခဲ့ တာကြောင့် ၀န်ကြီး ဌာနမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ယဉ်မှု စစ်မှ ပုဂ္ဂိုလ်များ၊ ပြည်ထဲရေး ၀န်ကြီး ဌာနမှ ပုဂ္ဂိုလ်များ ကို လေးစား စွာနဲ့ အသိပေး ချင်ပါတယ်။ ယခု ဖြစ်တဲ့ ကိစ္စတွေကို ကြည့်ရင် ဦးမျိုးဝင်းဟာ ဥပဒေနဲပ ညီညွတ်စွာ သွားလာခြင်း မရှိတဲ့အပြင် ရာထူး အာဏာ ကိုပါ အလွဲသုံးစား လုပ်တာကြောင့် ထိထိ ရောက်ရောက် ပြင်း ထန်စွာ အပြစ်ပေး အရေးယူ စေချင်ပါတယ်။ဦးမျိုးဝင့်းရဲ့ လုပ်ရပ်တွေကို ပြည်သူ အများ သိအောင် တရားဝင် ထုတ်ဖော် ပြောဆို စေချင်ပါကြောင်း ကိုတင်ပြ ပါတယ်။

နေပြည်တော်ဋီကာ ..

ဖွဘုတ်ပေါ်မှာ ပွထလာတဲ့ ပြန်ကြားရေး ဒုညွှန်မှူး ဦးမျိုးဝင်းကားတိုက်ပြီး မူးရမ်းတဲ့အကြောင်းကို ဖတ်မိပြီး ပြန်လည်ရေးသားလာတဲ့

သူငယ်ချင်းတစ်ဦးရဲ့ မက်ဆေ့ပို့ထားတာကို အဆင်ပြေသလို ဖော်ပြပေးလိုက်ပါတယ်..။

------------------------------------------------------------------------------------------------------------

အဲဒီ ဦးမျိုးဝင်းဆိုသူမှ မဟုတ်ဘူး ....

နေပြည်တော်မှာ နေတဲ့ အရာထမ်း အများစုက မသောက်တတ်တဲ့သူမရှိဘူး..။ မမူးဖူးတဲ့သူ မရှိဘူး..။ မာဆတ် မသွားဖူးတဲ့သူ နည်းပါ့ဗျား....။

ညဖက် လမ်းပြောင်းပြန်မောင်းရင်လည်း ဖမ်းသူမရှိ....။ မီးနီဖြတ် ဖမ်းသူမရှိ...။ တိုက်ရင် ကိုယ့်ဘာသာ ရှင်းကြလို့ မျက်နှာလွှဲထားသော လမ်းမကြီးများရှိရာ ဒေသဖြစ်၏ .တဲ့..။

ကားတွေကလည်း without လား လုံးချိန်းလား၊ ကိုယ်ပိုင်လား ဌာနဆိုင်ရာလား မသိ ..။ ယာဉ်မောင်းလိုင်စင်ကလည်း ရှိမရှိ ..မသိ..။ အမုန်းခံ စစ်မည့်သူလည်းမရှိ..။

မသိ ... မသိ.... မသိ... မရှိ...။

ရဲကို လိုင်းကြေးပေးရင် မျက်စောင်းတောင်ထိုးမကြည့်တဲ့ နေပြည်တော်လိုနေရာမှာ အနှိပ်ခန်းအမည်ခံ ရပ်ကွက်အတွင်းက ...တနိုင်တပိုင်ကြေးစားဂေဟာတွေ၊ ကေတီဗီတွေ ဘီယာဆိုင်တွေ မှာ ဌာနဆိုင်ရာ ၀န်ထမ်းယောက်ျားတချို့ဟာ ... ၄င်းတို့ရဲ့ လစာထက် အဆပေါင်းများစွာသော ငွေများ သုံးဖြုန်းမကုန်ရာ၊ လုပ်ငန်းရှင်ကြီးငယ်များထံမှာ စပွန်ဆာ ယူရာ ပတ်ဝန်းကျင်ကြီးလည်းဖြစ်၏။

ဆရာနဲ့ .. တပည့်မ...ဗိုလ်ကြီးနဲ့ ကျွန်မများရဲ့ မရိုးနိုင်သော သမီးရဲ့ ဦး ဇာတ်လမ်းတွေနဲ့ ကိုယ်ရေး ကိုယ်တာ ပြဿနာတွေ ရောပြွန်းရာ ရပ်ဝန်းကြီးပါပဲ....။ တစ်ခါ တလေ .. မြို့မဈေး ကုန်းပေါ်က ဘီယာဆိုင်၊ စားသောက်ဆိုင်များမှာ ... ရုံးယူနီဖောင်းတွေတောင် မလဲနိုင်ကြပဲ သောက်စားပျော်မြူးနေတဲ့ သမီးနဲ့ ဦးများကို မမြင်ချင်မှ အဆုံး.....။ တစ်လ နှစ်သိန်းမပြည့်တဲ့ လစာနဲ့ Golf Set ထည်လဲ သုံးနေတဲ့ လူတွေလည်း ပေါသဗျ..။

တစ်ပတ်တစ်ခါ လမ်းစရိတ် အကုန်ခံပြန်တဲ့ လစာ ငါးသောင်းဝန်းကျင်ရတဲ့ စာရေးဝန်ထမ်းတွေလည်း များသဗျ..။

တခြားနိုင်ငံတွေမှာ မရှိတဲ့ ..ကန်တော့ခံပစ္စည်းများ ပြန်ရောင်းတဲ့ ဆိုင်များလည်း အလုပ်ဖြစ်သဗျ..။ ဒီပစ္စည်း ဒီနေ့ရ ... နောက်နေ့ ပြန်ရောင်း ....။ နောက်တစ်ယောက် လာကန်တော့တာ ဒီပစ္စည်းပဲ....။ ဒါတွေလည်း ရှိတယ်ဆိုပဲ....။

ဝန်ထမ်းအိမ်ယာ အများဆုံး မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ခရိုနီများ စပွန်ဆာပေးရာ ဟိုတယ်များ၊ စားသောက်ဆိုင်များကလည်း လူပြည့်မြဲ..။ စည်ကားမြဲ ဆိုပဲ..။

ဥပါန္တသန္တိ စေတီကြီး ရှိရာ ..၊ လွှတ်တော်သို့ ဦးတည်ရာ ရာဇဌာနီလမ်းမကြီးအား မာဆတ်ဌာနီ လမ်းမကြီးဟု အမည်တွင်သည်အထိ မာဆတ် (အနှိပ်ခန်း) များပေါများသော ပေါင်းလောင်း ရပ် လည်း ထိုလမ်းကြီးဘေးတွင် ရှိ၏ဟု ကြားသိရ၏။

လွှတ်တော်ကြီးနှင့် မလှမ်းမကမ်းတွင် ခရိုနီများ ညဖက် ၀င်ထွက်နိုင်သော ဌာနဆိုင်ရာ ပြည်ထောင်စု ၀န်ကြီးများ၏ အိမ်များ ရှိသည်ဟု ကြားသိရ၏ .။

နေပြည်တော်နှင့် မြို့နယ်များ၏ လူစည်ကားရာနေရာတွင် အရပ်ဖက် စစ်ဖက်ဆိုင်ရာ အရာရှိကြီးများ၏ သားသမီးများပိုင်ဆိုင်သော တိုက်တာအဆောက်အဦးများ၊ စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ အချက်အချာကျ နေရာယူထားသလို မြန်မာစကား လုံးဝမတတ်သော လူမျိုးများ ဆိုင်သော စီးပွားရေး လုပ်ငန်းများ ဆိုင်ခန်းများ လူသုံးကုန်ပစ္စည်း လက္ကားဖြန့်ဖြူးရေး ဆိုင်များလည်း မြို့တည်တည်ပြီးချင်း မျက်လှည့်ပြလိုက်သလို ချက်ချင်း မြောက်ဖက်မှ ဆင်းလာပြီး လာရောက် နေရာယူ တည်ဆောက်ထား သည်လည်း ရှိ၏။ (မြို့မတည်ခင်ကတည်းက လက်ညိုးထိုး အကွက်ယူထားကြဟန်တူပေသည်)

တချို့ကပြောကြ၏ ထွန်းမြင့်နိုင်နှင့် ရှစ်လုံးရဲ့ အကျိုးပြုမှုဟု..။

-----------------------------------------------------------------------------

ဒါတွေကို ငေးမောအားကျနေသော ... ဆိုင်ကယ်ကယ်ရီသမားကတော့ တွေးနေရှာ၏ ....

ငါ့ဝင်ငွေက သူတို့လခတွေနဲ့ သိပ်မကွာပေမယ့် ဘာပြုလို့ ....

ငါ့ထက် အဆပေါင်းများစွာ သုံးဖြုံးပျော်ပါးနေနိုင်နေရသနည်း...။

=============================================

ထိုစာအားဖတ်ပြီး တွေးမိပါသည်..။

ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းဦးဆောင်သော သမ္မတကြီးရဲ့ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ အား အကြံပေးချင်ပါသည်...။

သမ္မတ အိမ်တော်မှ မိုင်ငါးဆယ် ၀န်းကျင်ကိုသာ .. လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ပါဦး .. လို့ ...။

မြန်မာတစ်နိုင်ငံလုံးနှင့် ပြည်ထောင်စုအဆင့်အထိ စိတ်မကူးပါနဲ့ဦးလို့ သာ.....။

======================================================

မှတ်ချက်- နေပြည်တော်မှဝန်ထမ်းများ ထိုအချက်များ မှန်မမှန်ကို ကို ဖြေပေးကြစေလိုပါကြောင်း..။









Credit : Here

1 comment:

  1. အဖေအရွယ်နဲ့သမီးအရွယ်
    အမေအရွယ်နဲ့သားအရွယ်
    အဆင်ပြေအောင်နေကြမယ်
    အစာအိမ်နဲ့ဟိုဟာအတွက်
    ပေးဆပ်နေကြဝန်ထမ်းများ
    ခေတ်အခေါ်ကတော့
    Living together .

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။