/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 4, 2013

.

NLD ညီလာခံကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီဖွဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုညီလာခံသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက် လာမည့် ကိုယ်စားလှယ်များကို မှန်ကန်ခြင်း ရှိ၊ မရှိစိစစ်ရန် ဗဟိုညီလာခံ စိစစ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ယင်းပါတီ၏ ဗဟိုကော်မတီဝင် ဦးစိုးဝင်းက The Voice Weekly သို့ ပြောကြားသည်၊။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များသည် မတ်လ ၇ရက်နေ့ နောက်ဆုံး ထားပြီး ကော်မတီသို့ အကြောင်း ကြားရမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုး က ပြောသည်။

ညီလာခံ ကျင်းပရေး စီမံချက်ဖြင့် ၂၀၁၂ခုနှစ် အောက်တိုဘာလမှ စတင်ကာ ရပ်ကွက်။ကျေးရွာ အုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် ညီလာခံများကို အဆင့်ဆင့် ပြုလုပ် ရွေးကောက်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားလှယ် ၁၅၀၀ ခန့်ဖြင့် ပါတီဗဟိုညီလာခံကို မတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။

“ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်ကို မှန်မှန်ကန်ကန် ကိုယ်စားပြု၊ မပြုဆိုတာ စိစစ်ပြီးရင် IDကတ်( ညီလာခံ တက်ရောက်ခွင့်ကတ်) ထုတ်ပေးမယ်”ဟု ၎င်းက ဆိုသည်၊ ညီလာခံ ကိုယ်စားလှယ်များအနက်မှ ဗဟိုကော်မတီဝင်များကို မဲပေးရွေးချယ်မည်ဖြစ်ပြီး တစ်ဖန် ဗဟိုကော်မတီဝင်များက ပါတီဥက္ကဌကို ညှိနှိုင်းရွေးချယ်မည်ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်၊ မဲပေးရာတွင် ကိုယ်စားလှယ်များ အချင်းချင်း စွဲဆောင်ခြင်း၊ စည်းရုံးခြင်း မပြုဘဲ လွတ်လပ်စွာ မဲပေးရမည်ဟု ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းကမ်းများကို ယင်းပါတီ၏ အတွင်းရေးမှူး ဦးညဏ်ဝင်းက ထုတ်ပြန်ထားသည်။

ဗဟိုညီလာခံ ကိုယ်စားလှယ် ရွေးချယ်ရေးအတွက် ပြည်နယ် ၊တိုင်းဒေသကြီးနှင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ ရွေးကောက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ညီလာခံ ကျင်းပရေး ကော်မတီများ ဘက်လိုက်မှု ရှိသည်ဟု ဆိုကာ ဆန္ဒဖော်ထုတ်မှုများ ပေါ်ပေါက်ခဲ့သည်၊

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့တွင် မှတ်ပုံတင်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီဝင်အင်အား ၁၂သိန်းကျော် ရှိကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်၊

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။