/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 4, 2013

.

အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် ငွေကျပ် ၃၅ ဘီလီယံ ထုတ်ချေးရန် စီစဉ်

ပြည်တွင်းရှိ အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်လျက် တစ်နှစ်လျှင် အတိုး ၈ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ချေးငွေကျပ် ၃၅ ဘီလီယံ ထုတ်ချေး သွားရန် စီစဉ်လျက် ရှိကြောင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဘဏ် မှ သိရှိရသည်။

အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဘဏ် သည် မြန်မာ စီးပွားရေးဘဏ်မှ တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် ချေးယူကာ အပေါင်ပေး စနစ်ဖြင့် တစ်ဆင့်ခံ ပြန်လည် ထုတ်ချေးခြင်း ဖြစ်သည်။ ဘဏ်သည် ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာ အတိုးယူ ထားပြီး ငွေချေးမည့် သူသည် မြေ ၊ အဆောက်အအုံ ၊ ပစ္စည်း အပေါင် ထားရမည် ဖြစ်ပြီး တင်ပြ လာသည့် အပေါင် ပစ္စည်း တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ကို တွက်ချက်ကာ ထုတ်ချေးမည် ဖြစ်သည်။ မြန်မာ နိုင်ငံတွင် အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်းပေါင်း ၁၂၆၂၃၇ ခု ရှိကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။