/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 25, 2013

.

မကွေးတွင် တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီ တစ်ဦး ပထမဆုံးအကြိမ် ဖမ်းမိ


မကွေးမြို့သို့ တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီ ဆော်ယောဒုလ်အားမိန့်ကို မကွေးမြို့နယ်(ဒု)တရားသူကြီး ဥိးကျော်မြင့်ထွန်းမှ ယာကြီးမှုအမှတ်(၁၀၇၁)အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်ကြောင်းသတင်းရရှိသည်။

မကွေးမြို့ ၊မဲထီးလမ်း၊ကံ့ကော်မြိုင်တည်းခိုရိပ်သာတွင် ဘင်္ဂါလီ တစ်ဦးနှင့် ချင်းအမျိုးသားတစ်ဦးတို့တည်းခိုနေထိုင်ကြောင်းကြားသိရသဖြင့် လူဝင်မှု ကြီးကြပ်ရေးတာဝန်ရှိသူများကဇန္နဝါရီလ(၂၂)ရက်နံနက်တွင် သွားရောက်စစ်ဆေးခဲ့ရာ တရားမဝင်ခိုးဝင်လာသူတစ်ဦးဖြစ်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

`ကျနော်တို့တစ်ပတ်တစ်ခါလောက်ပုံမှန်စစ်ဆေးရေးတွေလုပ်ပါတယ်၊ ဒါမကွေးမှာပထမဆုံးအကြိမ်ဖမ်းမိအပြစ်ပေးခဲ့တာပါ၊ ၁၉၉၄ မြန်မာနိုင်ငံတွင်နေထိုင်သူများမှတ်ပုံတင်အက်ဥပဒေ ပုဒ်မ ၆(၁)၊(ခ)(၁)ဖြင့်တရားစွဲဆိုခဲပါတယ်`ဟု လ၀ကမြို့နယ်ဦးစီးမှူး ဦးလှမြင့်မှ ပြောကြားသည်။

ူ တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီအား သယ်ဆောင်လာသူမောင်----အား မကွေးမြို့မရဲစခန်းမှ ရမန်ယူစစ်ဆေး၍တရားစွဲဆိုမည်ဟုသိရသည်။

www.MyanmarExpress.net

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။