/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 25, 2013

.

လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ

ကချင်လွတ်မြောက်ရေးဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် တနှစ်အောက် ကလေး ငယ်များ ဝမ်းရောဂါ ဖြစ်ပွားမှုများပြားလာပြီး ယခုလ အတွင်း သေဆုံးသူ အနည်းဆုံး ၇ ဦး ရှိနေပြီဟု လိုင်ဇာပြည် သူ့ ဆေးရုံမှ ကလေး အထူးကု ဆရာဝန် ဒေါက်တာ ဆိုင်းမိုင်က ပြော သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ်ပွား ခဲ့သော်လည်း ဇန်နဝါရီလတွင် ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမို ပြင်း ထန်လာပြီး ၂၀ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့ထိ ကလေးငယ် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ဆုံးသွားတဲ့ကလေးက မျက်ဖြူလန်သွားတယ်။ တကိုယ်လုံးအရည်ဓါတ် ခန်းခြောက်ပြီး အဖျား ၄၀၊ ၄၁ ဒီကရီထိတက်ပြီး ဆုံးသွားတယ်။ ဒီရောဂါက အရမ်းမြန်နေတယ်။ နှစ်ရက်သုံးရက်ဆိုရင် သေဆုံး သွားတယ်။ ဒီနေ့ဆုံးတဲ့ ကလေးကလဲ ဆေးတောင်မကုရသေးဘူး။ ရောက်တာနဲ့ ဆုံးသွားတယ်”ဟု ကလေးဆရာဝန် ဆိုင်းမိုင်ကပြောသည်။

ယနေ့ ကြာသာပတေးနေ့မှာဘဲ လိုင်ဇာမြို့ဝိုင်ချိုင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်စခန်းမှ ကလေးတဦး ထပ် မံ သေဆုံးခဲ့ပြီး ယနေ့တနေ့ထဲတင် ဝမ်းရောဂါခံစားနေရသူ ကလေး ၄ ဦး လိုင်ဇာဆေးရုံသို့ ထပ်မံ ရောက် ရှိလာနေသည်ဟု၎င်းက မဇ္စျိမသို့ပြောသည်။

အဓိကအားဖြင့် ကလေးငယ်များ အာဟာရချို့တဲ့ခြင်း အပါအဝင် ဒုက္ခသည်စခန်းအတွင်း ကြပ်ကြပ် တည်း တည်းနေထိုင်ရခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ကလေးဆရာဝန်က သုံးသပ်ပြောဆိုသည်။

ထို့ပြင် ကလေးငယ်များ သေဆုံးမှု မြန်ဆန်လာသဖြင့် ထူးဆန်းသည့်ဝမ်းရောဂါ ဖြစ်ပြီး အစိုးရနှင့် KIA တို့ အကြားတိုက်ပွဲများ တနှစ် ကျော်ကြာ ဖြစ်ပွားနေသော လက်နက်ခဲယမ်းဓါတ်ငွေ့များကြောင့် ဖြစ်နိုင် သည် ဟု ယူဆသော်လည်း လက်တွေ့ သုတေသန မပြုလုပ်နိုင်ကြောင်း သူကဆက်ပြောသည်။

လက်ရှိ လိုင်ဇာဆေးရုံတွင် ၁၀ ဦးကျော် ဆေးကုသမှုခံယူပြီး တခြားဒုက္ခသည်စခန်း အတွင်း ဆေး ကုသနေသူ အနည်းဆုံး ၁၀၀ ကျော် ဖြစ်ပွားနေသည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်နယ်စပ် ဂျယ်ယန်းဒုက္ခသည်စခန်းအတွင်းမှ ကလေးများသာ ပိုမိုဖြစ် ပွား ခဲ့သော်လည်း ယခု နောက်ပိုင်း လိုင်ဇာမြို့ပေါ်ရှိစစ်ပြေးဒုက္ခသည် ကလေးများလည်း ဖြစ်ပွားမှု ပြန့်နှံ့ လာနေခြင်း ဖြစ်သည်။

(Mizzima)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။