မြစ်ကြီးနား- ဗန်းမော် ကားလမ်း ပေါ်ရှိ ဒေါ့ဖုန်းယန် မြို့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲ ခန့်က မြန်မာ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင်အပါအဝင် လူငါးဦးသည် လိုက် ထရပ်ယာဉ်အမှတ် (၂င/ ၆၈၁၃) ဖြင့် ရောက်ရှိလာပြီး ကချင် ပြည် နယ်အတွင်း တိုက်ပွဲကြီး/ ငယ်ဖြစ်ပေါ် လျက်ရှိသည့် လဂျားယန် ဒေသ မှတစ်ဆင့် KIA ဌာနချုပ်ရှိရာလိုင်ဇာသို့ သွားရောက်လိုသည့်အကြောင်း ပြချက်ဖြင့် တာဝန်ရှိသူများ တားဆီးသည့်ကြားမှ ဆက်လက်ထွက်ခွာခဲ့သည်။
အဆိုပါ နယ်မြေသည်လုံခြုံရေးအရ တည်ငြိမ်မှုမရှိသေးခြင်း၊ KIA အကြမ်းဖက်အဖွဲ့များ၏ မိုင်းအန္တရာယ် များများပြားလျက်ရှိခြင်းတို့ကြောင့် မလိုလားအပ်သည့် ဆုံးရှုံးမှုမျိုးထိခိုက်ဒဏ်ရာရရှိစေခြင်း မဖြစ်စေရေး အလို့ငှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါယာဉ်အား ဒေါ့ဖုန်းယန်မြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် လာရာလမ်းသို့ ကောင်းမွန်စွာတားဆီးရှင်းပြလျက် ပြန်လည်စေလွှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ
No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။